Episode 29

1.8K 150 7
                                    

Unicode

သားနိုးလာရင်စားဖို့ ကြက်သားစွတ်ပြုတ်လေး ပြုတ်နေရင်းက မီးဖိုခန်းလေးကို လိုက်ကြည့်မိသည်။ပန်းကန်ဇွန်းခွက် အစုံအလင်နှင့် ပြည့်ပြည့်စုံစုံလေးတော့ ရှိသား။သို့ပေမဲ့ သားက ချက်ပြုတ်စားဖြစ်မှာမဟုတ် ဆိုင်စာပဲစားဖြစ်လောက်မှာ။

ဦးထွန်းဆိုတဲ့ သားအလုပ်ရှင်ကလည်း မဆိုးပါဘူး။ ဆေးရုံမှာသတင်းလာမေးရင်းက နေဖို့ထိုင်ဖို့အတွက် အခန်းသီးသန့်ငှားမနေစေဘဲ သားအခန်းမှာပဲ ခဏနေစေသည်။သားက အခုအချိန်ထိ သတိမရလာသေး။

ကိုငယ့်စက်ရုံမှာ အလုပ်လုပ်နေရာကနေ သား ပတ်ဝန်းကျင်သစ်က အလုပ်တစ်ခုဆီ ပြောင်းချင်ပါတယ်ဆိုတော့ သားစိတ်အခြေအနေအပြောင်းအလဲလေး ဖြစ်သွားအောင် ကြည်ဖြူစွာပဲ ခွင့်ပြုပေးခဲ့တာ။
သို့ပေမဲ့ မထင်မှတ်ထားဘဲ အဖြစ်အပျက်တွေက ဒီလထဲ ဖြစ်ပျက်သွားခဲ့သည်။

ကြက်သားအိုးဆူလာမည့် အချိန်ကိုစောင့်ရင်း မီးဖိုခန်းထဲရပ်ကာ ဟိုတွေးဒီတွေးရင်းမှ အခန်းဘဲလ်တီးသံ ထွက်လာတာကြောင့် တံခါးအပြေးဖွင့်မိတော့ အခန်းတံခါးဝမှာ သစ်သီးခြင်းကိုင်လျက်သားက အမျိုးသမီးတစ်ယောက်...။

" ဘယ်သူပါလဲရှင် "

ဒီအရပ်နှင့် မျက်နှာစိမ်းနေတာမို့ ဒေါ် စန္ဒာမိုးကပဲ အရင်မေးလိုက်သည်။

" ကျွန်မက ဟိုဘက်အခန်းကပါ။ဒီအခန်းပိုင်ရှင် ဆေးရုံတက်နေရတယ် ကြားလို့..ဘယ်အဆောင်နေမှန်းလည်း မသိတော့ ကျွန်မတို့လည်း ဆေးရုံဆီ သတင်းမေး မရောက်ဖြစ်ဘူးလေ "

အခန်းနီးချင်းမို့ သစ်သီးခြင်းလာပို့တာထင်သည်။သားက ပတ်ဝန်းကျင်နဲ့ အဆက်အဆံလုပ်တာလား။သား တကယ်ပဲ ပြောင်းလဲလာတာလား။

" သားနဲ့ အသိလား ဒီက ညီမက "

" ကျွန်မက အစ်မသား အငယ်ကောင်လေးနဲ့ပဲ အခေါ် အပြောလုပ်ဖူးတာပါ။အငယ်ကောင်လေးကတော့ ကျွန်မ ကလေးတွေနဲ့လည်း သိတယ်လေ။အခုဆေးရုံတက်နေရတဲ့ အကြီးကောင်နဲ့တော့ စကားတစ်ခါမှတော့ မပြောဖူးပါဘူး "

သားအငယ်ကောင်ဆိုသည့် ထိုအမျိုးသမီးစကားကြောင့် ပျက်ယွင်းချင်နေသည့် မျက်နှာကို ဒေါ် စန္ဒာမိုး အသာပြန်ထိန်းကာ...

မြတ်နိုးချစ်Where stories live. Discover now