𝗘𝘅𝘁𝗿𝗮 𝗹𝗹

2.3K 90 15
                                    

Unicode

စားပွဲတင်ဒီဂျစ်တယ် နာရီမှနေတစ်ဆင့် တတီတီနှင့် အဆက်မပြတ်ထွက်ပေါ် လာသော alarmသံကြောင့် စက်ပိုင်ထွဋ် အိပ်နေရာမှနေ နိုးလာရသည်။အိပ်စုံမှုန်မွှားနှင့်ပင် လက်တစ်ဖက်ကိုဆန့်ထုတ်၍ alarmသံပိတ်ဖို့ နာရီကိုလှမ်းစမ်းပြီး ယူကြည့်လိုက်တော့ ခုနစ်နာရီခွဲနေပြီ။နှိုးစက်အသံပိတ်ပြီးတာနှင့် နာရီကို စားပွဲပေါ် ပြန်တင်ကာ ဘယ်ဘက်ဘေးကို ငဲ့ကြည့်မိတော့ နှိုးစက်သံတောင်မတိုးဘဲ ဘေးနားမှာ ဦးညက နှစ်ခြိုက်စွာ အိပ်မောကျနေတုန်း..။

ထထိုင်မလို့ပြင်ပြီးမှ အိပ်ယာထဲမှာပဲ ဆက်လှဲနေလိုက်ကာ အိပ်ပျော်နေဆဲဖြစ်သည့် မိုးညမျက်နှာလေးကို စက်ပိုင်ထွဋ် နှစ်လိုစွာငေးနေရင်းကနေ ကိုယ့်အတွေးနဲ့ကိုယ် အသာအယာပြန်ပြုံးမိ၏။

အရင်နှစ်တွေထဲ ဦးည တစ်ယောက်တည်းနေတုန်းကဆို ဒီလိုနှိုးစက်တွေဘာတွေ အိပ်ရာဘေးထားဖို့ ဦးညစိတ်တောင်ကူးဖူးမှာမဟုတ်။အချိန်၊နာရီအတိအကျနှင့် လူသားစက်ရုပ်ကြီးလိုမျိုး ဦးညက တစ်နေ့တာကို ပျင်းစရာကောင်းတာထက်ကို ပိုလွန်အောင် ဖြတ်သန်းတတ်သူဖြစ်သည်။

ချစ်သူဖြစ်နေတဲ့ အချိန်တွေတုန်းကတော့ အခြေအနေတွေက ဒီလောက်မတင်းကြပ်သေးတာမို့လို့ ဒီနဲ့ဟိုကို အသွားအလာခပ်စိပ်စိပ်ဖြစ်ခဲ့ပေမဲ့ အခုတော့ ပွဲရုံကို ကိုယ်ကပဲဦးစီးနေရတာကြောင့် ဦးညဆီ အရင်လိုတောင် အလာမစိပ်နိုင်တော့သလို မေမေကိုယ်ဝန်လွယ်ထားရမှန်း ဦးညသိချိန်ကစလို့ ကိုယ်ကလာပါမယ်ဆိုရင်တောင် ဦးညက သူ့ထက် မိသားစုအရေးကိုသာ ပထမနေရာထားပြီး ဂရုစိုက်ပေးပါဆိုကာ အရင်လို ခဏခဏအလာမခံတော့။

နောက်ပြီးတော့ sundayကလွဲလို့ နှစ်ယောက်စလုံးက တစ်နေကုန်လုံးလည်း အလုပ်ကိုယ်စီနဲ့..။ထို့ကြောင့်မို့လို့ ညဘက် face timeခေါ် မှသာအေးအေးဆေးဆေး စကားပြောနိုင်သည်။

ဦးညအပေါ် သက်ရောက်သည့် အလွမ်းရဲ့ သိပ်သည်းမှုဒဏ်ကြောင့်ရော..နောက်ပြီး ဦးညပြောပြောနေသလို သူ့ရဲ့စကားများနိုင်မှုစံနှုန်းကြောင့်ပါ သူတို့နှစ်ယောက်ရဲ့ face timeခေါ် လို့ပြီးချိန်က အမြဲတမ်းညဥ့်နက်တတ်လေ့ရှိသည်။တစ်ခါတလေဆို ညတစ်နာရီ၊နှစ်နာရီထိုးသွားတဲ့နေ့တွေပါ ရှိတာကြောင့် အိပ်ယာထနောက်ကျပြီး ဦးညပါ သူ့နည်းတူ alarmဆောင်ထားရတော့တာဖြစ်သည်။

မြတ်နိုးချစ်Where stories live. Discover now