Episode 7

2.1K 184 6
                                    

Unicode

"အခန်းထဲ မဝင်သေးဘဲ ဘာတွေကြည့်နေတာလဲ သန့် "

ရုတ်တရက် အနောက်ဘက်မှ ထွက်ပေါ်လာသော အသံကြောင့် ရှင်းသန့်ဇော် ကိုယ်လေး ဆတ်ခနဲ ဖြစ်ကာ လန့်သွားသည်။

" ကိုချမ်းကလည်း လန့်လိုက်တာ "

"သန့်က လန့်ရလောက်တဲ့အထိ ဘာတွေ ငေးကောင်းနေလို့လဲ "

" မန်နေဂျာနဲ့ သူဋ္ဌေးတူကို ကြည့်နေတာ "

ငြိမ်းချမ်းအောင် ဟိုကြည့်ဒီကြည့် လိုက်ကြည့်ပေမဲ့ တစ်ယောက်မှ အစအန မတွေ့ရ။

" လိုက်ကြည့်မနေနဲ့ သူတို့က မရှိတော့ဘူး။ပြန်သွားပြီ "

အဲ့ဒါကိုများ အလုပ်ရှုပ်ခံပြီး လိုက်ကြည့်နေရသေးတယ်။ဒီနေ့စောစောများ အလုပ်ပြီးလို့လားမသိဘူး။

" ဒါနဲ့ သန့်တို့က ပြီးလို့ ပြန်လာတာလား "

ငြိမ်းချမ်းအောင် မေးလိုက်တော့ ရှင်းသန့်ဇော်က မျက်နှာလေးညှိုးကာ ခေါင်းခါပြသည်။

" ဒီနေ့ နည်းနည်း နောက်ကျမှာ။အဲ့ဒါကြောင့် ကိုချမ်း ကိုလာပြန်ပြောတာ။ကြက်ဥကြော်ထားပေးနော်..မေ့နေမှာစိုးလို့ "

" မေ့စရာလားကွာ။စိတ်ချ...ကြော်ထားပေးမယ်နော်။ကိုယ်လမ်းထိပ်က ဟင်းပေါင်းလေးပါ ပြေးဝယ်ထားလိုက်မယ်။ပင်ပန်းနေပြီလား "

ခေါင်းလုံးလုံးလေးကို ပွတ်သပ်လိုက်ချင်ပေမဲ့ အခန်းအပြင်မှာ ဖြစ်တာကြောင့် စိတ်ထဲရှိတိုင်းမလုပ်ဖြစ်ခဲ့။

" ဟင်အင်း။ အခု မပင်ပန်းတော့ဘူး။သန့်သွားတော့မယ်နော်။ပြန်စတော့မှာ "

စက်ရုံဆီ အပြေးတပိုင်းလေး ပြန်ဝင်သွားသော သန့်ကျောပြင်လေးကို သူ လိုက်ကြည့်နေမိသည်။

ဒီညနေ အလှည့်ကျဟင်းက ဝက်သားဟင်းဖြစ်တာကြောင့် သန့်က ခြေလေးချောင်းသား ရှောင်သူမို့ ဒီလို ညနေတွေဆို အမြဲ တစ်ခုခု လုပ်ပေးရသည်။အလှည့်ကျဟင်းကို မစားသည့် လူတွေအတွက် စက်ရုံက ငါးနှင့်ကြက်ဥ၊တစ်ခါတစ်ရံ ငါးသေတ္တာ တို့ကို အလှည့်ကျ ထုတ်ပေးတော့ ကိုယ့်အိတ်ထဲက ပိုက်ဆံမကုန်တော့ပေမဲ့ သန့်ကို ပိုပြီး ဖွယ်ဖွယ်ရာရာလေး စားစေချင်တာကြောင့် လမ်းထိပ်က ဟင်းတစ်ခုခု အမြဲဝယ်ပေးနေကြဖြစ်သည်။

မြတ်နိုးချစ်Where stories live. Discover now