Episode 34

1.7K 128 0
                                    

Unicode

မိုးညနဲ့ ဘိုးဖြူ ကားထဲမှာထိုင်စောင့်နေကြတာ နာရီဝက်နီးပါးရှိနေပြီ။နိုရာက အခုအချိန်ထိဆင်းမလာသေး။မိန်းကလေးတွေက သွားကာနီး၊လာကာနီး တော်တော်ကရိကထများလွန်းသည်။မေမေတို့ နိုရာတို့ အကုန်အတူတူပင်။

" ကျွန်တော် နိုရာ့ကို သွားခေါ် လိုက်ဦးမယ်။ဘိုးဖြူ ကားထဲမှာပဲ စောင့်နေနော် "

ဘိုးဖြူကိုပါ သေချာအောင် ထပ်ပြီး မှာရသည်။နောက်မို့ဆို ဘိုးဖြူကိုပါ ထပ်စောင့်နေရရင် ဒီနေ့သွားဖြစ်မှာမဟုတ်တော့။ဖိနပ်ချွတ်ပြီး အိမ်ထဲဝင်ရုံပဲ ရှိသေး နိုရာက အပေါ်ထပ်ကနေ အိန္ဒြေတစ်ခွဲသားနှင့်လှေကားထစ်တွေနင်းကာ ဆင်းလာသည်။မိုးည နေရာမှာပင် ရပ်ကာ နိုရာ့ကို စိတ်မရှည်စွာပြောလိုက်၏။

" ကြာလိုက်တာ နိုရာ။နောက်ကျနေပြီ "

" ဆံပင်ပြင်နေလို့ နည်းနည်းလေးနောက်ကျသွားတာပါ "

မှုန်ကုတ်နေတဲ့ သူ့မျက်နှာကိုကြည့်ပြီး မျက်နှာချိုသွေးကာပြောလာ၏။နိုရာက ပင်ကိုအသားဖြူသူဖြစ်ပြီး ပိတောက်ခြောက်ရောင်ဖျော့ဖျော့ မြန်မာဝမ်းဆက်ကြောင့် အသားကပိုဝင်းသွားသလိုပင်။သနပ်ခါးမလိမ်းတတ်တာကြောင့် ယခုလည်း မိတ်ကပ်ပါးပါးကိုသာ လိမ်းခြယ်ထား၏။ကျောလယ်နီးပါးရှိတဲ့ ဆံပင်တွေက ဘာမှအထူးတလည်ပြင်ဆင်ထားတာမဟုတ်ဘဲ ဖွတ်မြီးကျစ်ထားတာသာ။

" ပြင်နေလည်း ဒီရုပ်ပဲကို မြန်မြန်လာနောက်ကျနေပြီ "

မိုးညက လောနေပြီမို့ အပြင်ပြန်ထွက်ကာ တံခါးကို အသင့်ဖွင့်ထားပေးရုံရှိသေး...

" အား..မာမီရေ.."

နိုရာ့ရဲ့ နာကျင်စွာ အော်လိုက်သည့် အသံကြောင့် မိုးည လှည့်ကြည့်မိတော့ အိမ်ဝမှာပုံလျက်သာ လဲကျနေသည့်နိုရာ။နိုရာ့အော်သံကြားတော့ မာမီထားကလည်း အပြေးထွက်လာသည်။ဘိုးဖြူကလည်း ကားထဲက အတင်းပြေးဆင်းသည်။

" ချော်လဲတာလား သမီး။ခြေထောက်နာသွားလား မာမီ့ကိုပြပါဦး "

ခြေချင်းဝတ်ကို ဖိပြီး ငိုမဲ့မဲ့ဖြစ်နေတာကြောင့် မိုးည ထိုနေရာကို ဖိကြည့်တော့ အားခနဲထအော်ကာ မိုးည ပုခုံးကို လှမ်းရိုက်သည်။ဖိနပ်မြင့်ကြီး စီးပြီး ချော်လဲတာ နည်းတောင်နည်းသေး။မိုးတွင်းကြီးကို ပေါ့ပေါ့ပါးပါးတော့ မစီးဘဲနဲ့။

မြတ်နိုးချစ်Where stories live. Discover now