Episode 22

1.8K 148 2
                                    

Unicode

သုံးရက်နှင့်လေးည...။
သူ ဦးညနဲ့မတွေ့ရတာ သုံးရက်နှင့် လေးညတိတိရှိပြီဖြစ်သည်။ဖုန်းမဆက်ဖြစ်တော့တာလည်း အဲ့ဒီညတည်းကပင်။ထက်ကြီးပြောသလို သူသိပ်ကလေးဆန်နေမိသလား။

အရင်ညတွေတုန်းက ညတိုင်းလိုလို ဖုန်းခေါ် ခဲ့ပေမဲ့ ဦးညဘက်က ဘယ်တော့မှမကိုင်ခဲ့။ Mall ထဲမှာ ပြဿနာတက်တဲ့နေ့ကသာ သူ့ကိုဆူဖို့ ဖုန်းကိုင်ခဲ့ခြင်းဖြစ်သည်။အဲ့ဒီညကလည်း ပြဿနာဖြစ်ပြီး ဦးညဘက်ကဖုန်းအရင်ချသွားတာ။စကားကိုချောချောမွေ့မွေ့ မပြောခဲ့ရ။

ဓာတ်ပုံအယ်လ်ဘမ်ထဲမှာ ဆေ့ထားသည့် ဦးညပုံလေးကို အလွမ်းပြေကြည့်မိ၏။ဦးညကို ဘယ်လောက်ပဲ စိတ်တိုတယ်ပြောပြော မျက်နှာလေးမမြင်၊အသံလေးမကြားရတော့လည်း သိပ်ကိုလွမ်းပါသည်။ဦးညကရော...ကျွန်တော့်ကိုလွမ်းနေလောက်လား။ဒါမှမဟုတ် မျက်စိရှုပ်သက်သာတယ်ဆိုပြီး ကျေနပ်နေမလား။

ခါးစပ်မှာ လွှားထားသည့်စောင်ကို ဖယ်ချလိုက်ကာ လူးလဲထလိုက်၏။စောနေသေးပေမဲ့ စက်ရုံသွားဖို့ ရေမိုးချိုးရမည်။

ကိုဇေယျကို လာခေါ် ခိုင်းရင်ကောင်းမလား။မနက်အစောကြီး စက်ရုံနဲ့အိမ်ကို တကူးတကကြီးလာခေါ် ခိုင်းဖို့က အားနားဖို့ကောင်းသည်။လေးလေးကားကိုပဲ ယူစီးသွားတာပိုကောင်းမည်။

ဦးည ဘယ်လောက်ထိ အသည်းမာနိုင်မလဲဆိုတာ ကျွန်တော် စောင့်ကြည့်ဦးမယ် ဦးည။ရေပန်းဆီမှ ကျလာသော ရေစက်များကို မျက်နှာမော့ကာ ခံယူနေရင်းက စိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။

" လေးလေး လေးလေး "

ဒုတိယထပ်တက်ကာ အော်ခေါ် တော့လည်း ထူးသံမကြား။ပြန်ဆင်းလာကာ ထမင်းစားခန်းတွေထဲ ဝင်ကြည့်တော့လည်း မတွေ့ ။အရေးထဲမှာ လေးလေးက လမ်းလျှောက်ထွက်ပြန်ပြီလား။

အောက်ထပ်တစ်ခုလုံးမှာ ထပ်အော်ဟစ်နေပေမဲ့ လေးလေး အသံမကြားရဘူးဆိုတော့မှာ အိမ်ဝထွက်ကာ တစ်ချက်ကြည့်မိသည်။ဒီတော့မှ ခြံထဲမှာ အသက်ရှူလေ့ကျင့်ခန်းလုပ်နေသော လေးလေးကို တွေ့ရသည်။

" လေးလေးကလည်း ခေါ် လိုက်ရတာ ကားသော့ဘယ်မှာလဲ ဒီနေ့စက်ရုံပြန်မလို့ "

မြတ်နိုးချစ်Where stories live. Discover now