Episode 18

1.7K 154 8
                                    

Unicode

" ဟာ... မိုးည မင်းတို့က Toilet ထဲဝင်သွားတာလား။တော်သေးတာပေါ့ကွာ..ငါကဟိုဘက်မှာ မင်းတို့ကို လိုက်ရှာတော့မလို့ "

Toilet ထဲက ထွက်ထွက်လာချင်း ကိုငယ်နဲ့ တည့်တည့်သွားဆုံသည်။ကိုငယ်က သူ့ပိုက်ဆံအိတ်အမည်းကြီး တကားကားနှင့် စက်ပိုင်ထွဋ်နောက် ထလိုက်လာပုံရ၏။

" ကိုငယ်ပါ ပါလာတာလား "

" အငယ်မပါ ပါတယ်။ဟိုကောင် မင်းကိုပြဿနာရှာသေးလား "

သူ့နောက်ကနေ စက်ပိုင်ထွဋ် ထွက်လိုက်လာသည်ထင်၏။ကိုငယ်က သူ့နောက်ကျောဘက်ကို မေးဆတ်ပြပြီးမေးလာသည်။မိုးည လှည့်ကြည့်မနေတော့ဘဲ ခေါင်းသာရမ်းပြလိုက်သည်။

ပြဿနာရှာတယ်လို့ပဲ ပြောလိုက်ပါဦး သူ့တူကို သူနိုင်တာလည်း မဟုတ်ဘဲနဲ့။

" ဟွန်း..ကိုကြီးတို့ နှစ်ယောက်နဲ့တွေ့မှပဲ စားကောင်းခြင်းလည်း မစားရဘူး။ဘယ်လိုဖြစ်လို့ စားသောက်နေတုန်း အတင်းထပြေးကြတာလဲမသိဘူး "

ကိုငယ့်ညီမနှင့် စက်ပိုင်ထွဋ်ပါ သူတို့နားရောက်လာ၏။ဒီမိသားစုနဲ့ ရေစက်ကလည်း မသေးပါလားနော်။

" နင့်တူက အရင်ထပြေးတာကိုဟ။နောက်က လိုက်ရတာပေါ့ "

" ကိုကြီးဖုန်းက ဘာလုပ်ဖို့ထားတာလဲ။ဖုန်းအရင် ဆက်ကြည့်ပေါ့ "

ဒီတော့မှ ကိုငယ်က သူ့ကိုယ်သူမေ့တတ်ရန်ကော ပုံစံမျိုးနှင့် ငြိမ်ကျသွားသည်။

" သြော်..ကိုမိုးည ကွန်ဂရက်ကျူရေးရှင်းပါနော်။စားရတော့မှာလား "

ကိုငယ့်ညီမက ရုတ်တရက် ခပ်ပြုံးပြုံးနှင့် ကွန်ဂရက်ကျူရေးရှင်းတွေလာလုပ်သည်။ဘာကိုပါလိမ့်..။
မိုးည ခဏကြောင်အမ်းသွားပြီးမှ....

" ဗျာ..မဟုတ်ပါဘူး။အဲ့ဒီအမျိုးသမီးနဲ့က သာမန်မိတ်ဆွေတွေပါ "

မနုနုငယ်နဲ့သူ့ကို သုံးယောက်စလုံးက တစ်မျိုးတွေ ထင်နေကြပုံပင်။

" အန်တီလေးတို့ကလည်း ဇွတ်ပဲဗျာ။အဲ့လောက်ကွန်ဂရက်ကျူရေးရှင်းလုပ်ချင်နေရင် ကိုယ့်အကို ကိုသာ အရင်စွံအောင်လုပ်ပါ့လား "

မြတ်နိုးချစ်Where stories live. Discover now