Episode 6

2.2K 189 10
                                    

Unicode

နေ့ခင်းက ကိစ္စကို စိတ်ဆိုးသွားတာထင်သည်။တစ်ညနေလုံး ပြန်သွားတဲ့ အချိန်ထိ သူ့ကိုစကားတစ်ခွန်းမှ မပြောတော့။မျက်နှာလည်း တမင်လွှဲထားမှန်းသိသာသည်။စိတ်ဆိုးသွားလည်း မတတ်နိုင်။ကိုယ်ကလည်း အစတည်းက စိတ်ဆတ်တဲ့သူမို့ ပြန်တောင်းပန်ပြီးချော့ရုံသာရှိသည်။

ဦးညကသာ သူ့ကို အတင်းတွေမျက်နှာလွှဲထားပေမဲ့ သူကတော့ ဦးည၏ လက်ကောက်ဝတ်လေးတွေဆီက တော်တော်နှင့် အကြည့်မခွာနိုင်ခဲ့။ဖွေးသန့်နေသည့် လက်ကောက်ဝတ်လေးကို ခပ်ကြမ်းကြမ်း ဆုပ်ကိုင်မိသွားတာကြောင့် သူ့လက်ဖဝါးရာ နီရဲရဲလေးက အကွင်းလိုက် မိနစ်ပိုင်းစာလောက် ထင်ရှိသွားတာ bracelet လေး ဝတ်ထားသလိုပင်။နောက်ပြီး ကိုယ်ပိုင် အမှတ်အသားလေး ပေးလိုက်သလို ဖြစ်သွားတာမို့ သဘောကျလို့လည်းမဆုံး။

ပျင်းပျင်းရှိတာနှင့် ဖုန်းဖွင့်ကာ ကြည့်လိုက်တော့ ထင်ထားသည့်အတိုင်းပင် ဟိုကောင်တွေ ဒီအချိန် online ရှိမနေ။ Bar တစ်ခုခုမှာ ရောက်နေကြမှာပေါ့။သူကတော့ အခန်းရှေ့ တံစပ်မြိတ်အောက်မှာ ခုံတစ်လုံးနှင့်ထိုင်ပြီး အဝေးပို့သမားတွေ ပြန်အလာကို ထိုင်စောင့်နေရသည်။

အဝေးပို့သမားဆိုတာက စက်ရုံကို order တင်သမျှ ဆိုင်နေရာတွေဆီ ပစ္စည်း အရောက်သွားပို့ရသောကြောင့် အဝေးပို့သမားဟု ခေါ် ခြင်းဖြစ်သည်။ Delivery တွေနဲ့ သိပ်တော့မခြားနား။အရင်ကတော့ မသူဇာလှိုင်က စောင့်ယူရသည်။ဒီနေ့ကစပြီး ဦးညက ညီတူညီမျှ တာဝန်ယူရမည်ဆိုသောကြောင့် အလှည့်ကျ ရက်သတ္တပတ်စီ တာဝန်ခွဲယူလိုက်သည်။

တစ်ယောက်တည်း လျှောက်တွေးနေရင်းက ရှေ့မျက်နှာချင်းဆိုင်အခန်း၊ တစ်နည်းဆိုလျှင် ကိုဇေယျ၏ အခန်းဘေး ဖြစ်သည်။အဲ့ဒီအခန်းက ကောင်လေးတစ်ယောက် အခန်းဖော်ကို ထွက်စောင့်နေတာ ထင်သည်။စက်ရုံခြံဝကို တမျှော်မျှော်နှင့်လုပ်နေကာ သူ့ကို​တောင် သတိထားမိပုံမရ။

ဒီစက်ရုံမှာ ကိုယ်နဲ့ ကိုဇေယျကသာ သီးသန့်အခန်းနှင့် နေရပေမဲ့ ကျန်သည့်လူတွေက အခန်းဖော်နဲ့ နေရသည်။မိန်းကလေးတွေကိုတော့ တစ်ယောက်တည်း မနေစေချင်၍ မသူဇာလှိုင်ပါ အခန်းဖော်နဲ့ နေရသည်။နှစ်ယောက်ခန်း၊သုံးယောက်ခန်း၊လေးယောက်ခန်း စသဖြင့် အခန်းတွေရှိသည်။

မြတ်နိုးချစ်Where stories live. Discover now