Episode 31

1.8K 147 6
                                    

Unicode

" မိုးည အိပ်ပျော်သွားပြီလား "

အပေါ် ထပ်ကနေ ဆင်းလာပြီး လူစုံရှိနေသည့် ဧည့်ခန်းထဲဝင်လာတော့ လေးလေးက မေးလာ၏။ ဦးညတို့ Family Doctor နှင့် ဦးညမေမေကပါ သူ့ကို ကြည့်လာကြတာမို့ နှုတ်ကပြန်မဖြေဘဲ ခေါင်းနှစ်ချက် ဆင့်ညိတ်ပြလိုက်သည်။

ဆေးရုံမှ ဆင်းလာပြီး မနေ့ကတည်းက ဦးညအိမ်ကိုပြန်ရောက်လာတာဖြစ်သည်။ဆေးရုံမှာတော့ နေပြန်ကောင်းတော့မလိုလိုနှင့် ရွှင်ရွှင်လန်းလန်း ဖြစ်လာပြီးမှ အိမ်ပြန်ရောက်တော့မှ ပိုဆိုးလာသလိုပင်။

ဦးညရဲ့ ပြဿနာက ညဘက်တွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာ၊အိပ်နေရင်းက အိပ်မက်ဆိုးတွေမက်ပြီး ခဏခဏ လန့်နိုးနေတာဖြစ်သည်။ညကလည်း ဦးညက အိပ်မပျော်တော့ သူပါမအိပ်ရ။

ဦးညရဲ့ မေမေကလည်း လက်ရှိဦးညရဲ့ ကျန်းမာရေးအခြေအနေကြောင့်သာ မပြောသာပေမဲ့ သူ့ကို မကြည်မှန်း သူသိသည်။တကယ်ဆို ဒီမှာလာနေလည်း ရတာကို။လေးလေးအိမ်နဲ့ ဒီကို အသွားအပြန်လုပ်နေရတာ ပင်ပန်းလွန်းသည်။ကိုယ်က ဦးညနားမှာပဲ အချိန်ပြည့်နေချင်တာ။

လေးလေးထိုင်နေသည့် ဘေးခုံမှာဝင်ထိုင်လိုက်ပြီး သိချင်နေလျက်က မမေးဖြစ်သေးသည့် အကြောင်းအရာတစ်ခု ဒေါက်တာကိုမေးလိုက်၏။

" ကျွန်တော် တစ်ခုလောက်မေးပါရစေ။ ဦးည ဘာဖြစ်နေလဲဆိုတာ ကျွန်တော့်ကို အတိအကျ ပြောပြပေးနိုင်မလား ဒေါက်တာ "

ဆေးရုံစရောက်တဲ့နေ့ကနေ ဒီအိမ်ပြန်ရောက်တဲ့အထိ ဦးညနေမကောင်းဘူး၊စိတ်အခြေအနေ မကောင်းဘူး။ဒါပဲ သိထားရတာ။သူ့ကို ဘယ်သူကမှ အသေးစိတ်မရှင်းပြကြ။သူမေးမှ ဖြစ်တော့မည်။

" ကိုမိုးညက Trauma ခံစားနေရတာပါ "

ဒေါက်တာက လေသံအေးအေးနှင့် ပြန်ဖြေလာသည်။
Trauma ဆိုတာကြားဖူးနားဝတော့ရှိပေမဲ့ စက်ပိုင်ထွဋ် ဂဃနဏတော့မသိ။ဆေးပညာနှင့် ပတ်သက်ပြီး ဘာကိုမှ နှံ့နှံ့စပ်စပ် သူမလေ့လာဖူး။

" Trauma ...ကျွန်တော်က Phobia တစ်ခုခုထင်ထားတာ။ဦးညက အစားအသောက်ကို တော်ရုံသူစိမ်းတွေနဲ့ မစားတတ်တော့ Phobia တစ်ခုခုခံစားနေရတယ်ပဲထင်တာ "

မြတ်နိုးချစ်Where stories live. Discover now