Episode 17

1.8K 150 10
                                    

Unicode

သူဒီကိုရောက်လာတဲ့ သုံးလကျော်ကာလအတွင်းမှာ ဒီနေ့က ရှားရှားပါးပါး စက်ရုံပိတ်ရက်လေးဖြစ်သည်။
ထို့ကြောင့်လည်း အသီးသီးက မြို့ထဲလျှောက်လည်ရန်အတွက်နှင့် မိန်းကလေးရော၊ယောကျ်ားလေးပါမကျန် အကုန်အလုပ်ရှုပ်နေကြ၏။

မိန်းကလေးတွေကဆို ပြင်ဆင်ခြယ်သပြီး အုပ်စုလိုက်၊သူတို့အုပ်စုနဲ့သူတို့အသီးသီးထွက်သွားကြပြီဖြစ်သည်။မိန်းကလေးဆောင်တစ်ခုလုံး အခန်းတံခါးတွေပိတ်ကာ တိတ်ဆိတ်ငြိမ်သက်နေ၏။မသူဇာကပင်ကစားကွင်းသွားမလို့ လိုက်ဦးမလားဆိုပြီးတော့တောင် ခေါ် သွားသေးသည်။

မြို့ထဲမှာ အိမ်ရှိတဲ့သူတွေကတော့ သူတို့အိမ်ပြန်ကြလိမ့်မည်ထင်သည်။ရှင်းသန့်ဇော်ကတော့ ညတည်းက ကိုချမ်းတို့အိမ်ပြန်မှာဆိုပြီး တက်ကြွစွာပြောနေသေး၏။
သူ အခန်းထဲ အဝတ်အစားလဲဖို့ ပြန်ဝင်လာချိန်တောင် စက်ရုံမှာ လူသိပ်မရှိတော့။ ကိုဇေယျနဲ့ ကောင်လေး သုံးလေးယောက်သာကျန်ခဲ့သည်။

style pant Jean နက်ရှည်တစ်ထည်ကို ဝတ်ပြီးတာနှင့် အရောင်သိပ်မပေါ် သော T-shirt အညိုရောင်လက်တိုလေးကို ဝတ်လိုက်သည်။ဒီမှာ ဦးညအမိန့်ကြောင့် ဝတ်ခွင့်မရှိဘဲ သုံးလကျော်နီးပါးချွတ်ထားခဲ့ရသော လက်စွပ်အမည်းကွင်းပြားလေးကို ဘယ်ဘက်လက်ခလယ်မှာ ကောက်စွတ်လိုက်၏။နောက်ထပ်ပါလာသည့် နားကပ်အဝိုင်းပြားနက်နက်ကလေးကိုလည်း ဘယ်ဘက်နားမှာပင် ကပ်လိုက်သည်။ဒီလို လွတ်လွတ်လပ်လပ် မဝတ်စားရတာတောင်ကြာပြီ။

ခြေအိတ်ဝတ်ပြီးသား ခြေထောက်ကို shoes နက်ပြာလေးထဲထိုးထည့်ပြီး မှန်တစ်ချက်ကြည့်ကာ အခန်းပြင်ထွက်လာလိုက်၏။သူ့ပြင်ဆင်မှုက ဤမျှနှင့် ပြီးသွားပြီ ဖြစ်သည်။စက်ရုံထိ လာခေါ် မည်ဆိုတဲ့ လေးလေးကားကို စောင့်နေရုံသာ။

တိုက်တိုက်ဆိုင်ဆိုင် အန်တီလေးက ဒီနေ့လာမည်ဆိုတာကြောင့် နေ့လယ်စာကို အန်တီလေး၊လေးလေးနှင့် အတူစားဖြစ်ကြမည်ထင်သည်။

" ပြန်လာရင် ဘာဝယ်လာရမလဲ "

သူ ရုတ်တရက်မေးလိုက်တော့ ကောင်လေးက မော့ကြည့်လာသည်။

မြတ်နိုးချစ်Where stories live. Discover now