Episode 28

1.8K 149 4
                                    

Unicode

" ဆရာ ဝင်ခွင့်ပြုပါဦး "

တံခါးခေါက်သံနှင့်အတူ စာရေးမလေး၏ ခွင့်တောင်းသံကိုပါ ကြားလိုက်ရ၏။

" ဝင်ခဲ့ပါ "

ရုံးခန်းထဲဝင်ကာနီး စာရေးမလေးက ခွင့်တောင်းသံပြုနေကြဖြစ်သည်။ခါတိုင်းလိုပဲ ခွင့်တောင်းသံက မထူးဆန်းပေမဲ့ ရုံးခန်းတံခါး ဖြတ်ခနဲ ပွင့်လာကာ မြင်လိုက်ရတဲ့ လူကြောင့် မိုးည အံ့သြစွာ ထိုင်နေရာမှ မတ်တပ်တောင်ထရပ်မိသွား၏။

" မေမေ ဘယ်လိုလုပ်.."

တစ်မျိုးဖြစ်နေသည့် မေမေ့အကြည့်တွေကြောင့် မိုးည
စကားဆက်မပြောနိုင်တော့။သူထင်လို့ပဲလား..မေမေ့မျက်နှာက တည်တင်းကာ ခက်ထန်နေသယောင်ယောင်။ဒေါ် လေးကလည်း မေမေ့နားမှာကပ်ကာ ပါလာသည်။ဒီပုံအတိုင်းဆို ဦးလှသောင်းလည်း ပါလာမှာပဲ။တစ်အိမ်လုံး သူ့နောက်လိုက်လာတယ်ဆိုတော့ ပြဿနာများ ဖြစ်လို့လား။

" ကျွန်မဖျော်ရည်တစ်ခုခု သွားယူပေးပါဦးမယ် "

စာရေးမလေးက အလိုက်တသိ အပြင်ပြန်ထွက်သွား၏။

" မေမေ ဒီကို ဘယ်လိုရောက်လာတာလဲ "

အလုပ်စားပွဲမှ မေမေ့နားဆီ ထလာကာ မေးလိုက်၏။

" လာစရာအကြောင်းရှိလို့ ရောက်အောင်လာခဲ့ရတာပေါ့ မိုးညကောင်းကင် "

လေသံကအစ တင်းမာနေ၏။မေမေစိတ်ဆိုးအောင် သူ ဘာတွေများလုပ်မိလို့လဲ။

" မေမေသားကို စိတ်ဆိုးစရာတစ်ခုခုရှိလို့လား "

" . . . . . . . "

မေမေက မျက်နှာကိုတင်းထားဆဲဖြစ်ကာ ဘာမှပြန်မပြော။

" ဒီအထိ လိုက်လာခဲ့ပြီး.. ဘာဖြစ်တာလဲဆိုတာတော့ သားကိုပြောပြဦးမှပေါ့ မေမေ "

" အခုချက်ချင်း နင့်အခန်းကို လိုက်ပို့ပေး "

" သား အခန်းကို ဘာသွားလုပ်မှာလဲ။ ဒီမှာပဲပြောလို့မရဘူးလား "

" ဘာဖြစ်လို့လဲ။နင့်အခန်းမှာ ဘာတွေရှိနေလို့ ဒီမှာပဲပြောချင်ရတာလဲ "

" မေမေ.. ဘာဖြစ်နေတာလဲ။အလုပ်ချိန်မို့လို့ သားကပြောနေတာလေ။မေမေ သွားချင်တယ်ဆိုလည်း အခုချက်ချင်းသွားလို့ရတယ် "

မြတ်နိုးချစ်Where stories live. Discover now