Episode 5

2.5K 198 8
                                    

Unicode

Shirt လက်တို အမည်းစင်း၊ဆင်စွယ်ရောင် ဘောင်းဘီရှည်နှင့် ဦးညဟာ ခေတ်မီစွာ ဝတ်စားထားပြန်တော့လည်း တစ်မျိုး ကြည့်လို့ကောင်းနေပါသည်။

ဦးညကတော့ ​ခြေလှမ်းတွေကအစ လန်းဆန်းတက်ကြွနေပေမဲ့ စက်ပိုင်ထွဋ်ကတော့ အိပ်ရေးမဝတာကြောင့် ပထမဆုံး တရားဝင် အလုပ်စဆင်းသည့်နေ့မှာပင် အိပ်ချင်မူးတူး၊ရီဝေဝေ ဖြစ်နေသည်။

ဒီ စက်ရုံမှာ စာရေး၏ အလုပ်ချိန်က ရှစ်နာရီ လေးဆယ့်ငါး ရုံးခန်းထဲ အရောက်ဟု သတ်မှတ်ထားသည်။သို့ပေမဲ့ ကျန်အလုပ်သမားတွေက မနက် ငါးနာရီတည်းက ထရတာကြောင့် စက်ရုံတစ်ခုလုံး တအုံးအုံးနှင့် ကိုယ်ပါနှိုးပြီ ဘယ်လိုမှ ပြန်အိပ်မရတော့။

ဒီကြားထဲ စက်ပိုင်ထွဋ် အခန်းယူတာ မှားသွားသည်။အဝေးပို့သမားတွေနဲ့ နီးသည့်အခန်းကို ရွေးယူလိုက်မိတာ ညဆယ်နာရီကြီး အခန်းတံခါးကို တဘုန်းဘုန်းနှင့် အလွယ်လာထုကြတော့သည်။စက်ရုံဆီ မသွားကြတော့ဘဲ စက်ပိုင်ထွဋ်က စာရေးဆိုလို့ ပိုက်ဆံလာအပ်ကြသည်တဲ့။တကယ် စိတ်ကုန်သွားတာ။

ဘာပဲဖြစ်​ဖြစ် ဦးညနဲ့ အတူ ရုံးခန်းတစ်ခုတည်းမှာ အတူတူအလုပ်ထိုင်လုပ်ရမည်ဆိုတော့ အနည်းငယ်တော့ ကျေနပ်မိသွားသည်။ညတွင်းချင်း ရောက်လာသည့် အလုပ်စားပွဲကလည်း ရှေ့မှာ အဆင်သင့်...ပြီးတော့...အလုပ်တွေကလည်း အပုံလိုက်။

" ဟုတ်ကဲ့..ပြန်ဆက်သွယ်လိုက်ပါ့မယ် ခင်ဗျား "

လေးကြိမ်မြောက် ဖုန်းချပြီး ဦးညမျက်နှာကို ကြည့်မိတော့လည်း ထူးခြားပြီး ကြည်လင်မလာ။အရင်အတိုင်း အလိုမကျခြင်း အရိပ်အငွေ့တွေကသာ မျက်နှာမှာအပြည့် ထင်ဟပ်နေသည်။

" မင်း ဒိထက် ချိုချိုသာသာ မပြောနိုင်ဘူးလား "

ဦးညဆီက ချီးကျူးစကားများ ကြားရမလားလို့ မျှော်လင့်တကြီး နားထောင်နေမိပေမဲ့ ပြောလာသော စကားကြောင့် စက်ပိုင်ထွဋ် ဆံပင်တွေထဲ လက်ထိုးကာ ခပ်ကြမ်းကြမ်း ပြန်ဆွဲဖွမိ၏။အိပ်ရေးမဝထားတာကြောင့် လူကလည်းကျွတ်ချင်နေတာ။

"ကျွန်တော်က ယောကျ်ားလေးလေ။မိန်းကလေးမှ မဟုတ်တာ..ဘယ်လိုလုပ် အသံကို ချိုအီနေအောင်တော့ ပြောနိုင်မှာလဲ။အခုလည်း အတတ်နိုင်ဆုံး ချိုထားတာပဲဗျာ.. "

မြတ်နိုးချစ်Where stories live. Discover now