Episode 9

2.1K 181 0
                                    

Unicode

အညိုရောင် အိပ်ရာခင်း ခင်းထားသော နှစ်ယောက်အိပ် ကုတင်ကျယ်ကြီးတစ်လုံးက အိပ်ခန်းရဲ့ အလယ်မှာ နေရာယူထားသည်။ထိုကုတင်ကျယ်၏ ဘယ်ဘက်ဘေး နံရံနှင့် ကပ်လျက်မှာတော့ အဝတ်ဗီရိုတွေနှင့် ဖိနပ်စင်တွေ ၊ နောက် ကိုယ်လုံးပေါ် မှန်ရှည်ကြီး တစ်ချပ်နဲ့  Roll on အချို့ ဒါပဲ ရှိသည်။ဒါပဲလား..ဦးညအခန်းက ဒါပဲလား။

ခန်းစီးစတွေကိုလည်း ရိုးရိုးရှင်းရှင်း အဖြူရောင်ကိုသာ သုံးထားသည်။အခန်းထဲမှာ အနည်းဆုံး စာကြည့်စားပွဲလေး တစ်လုံးတောင်မရှိ။ဦးညရဲ့ အိပ်ခန်းက ဦးညနဲ့ ဆန့်ကျင်ဘက်ဆန်စွာ ဒီလောက်တောင် ရိုးရှင်းတယ်တဲ့လား။

အခန်းထဲ ဝေ့ဝဲကြည့်လို့ဝမှ အခန်းပိုရှိတယ်ထင်ပြီး အတင်းလိုက်လာခဲ့မိတာကို နောင်တရသွားသည်။ဒီလိုမျိုး ဦးညရဲ့ အခန်းကို သုံးရလိမ့်မည်လို့ သူ မထင်ထားမိခဲ့။အခွင့်အရေးလည်းရတုန်း ဦးညအိမ်ကို ရောက်ဖူးချင်ရုံသက်သက် ဒီအတိုင်း လိုက်လာမိလိုက်တာ...။
ကိုယ်တိုင်ကလည်း အိပ်ခန်းထဲကို တော်ရုံလူဝင်ရင် မကြိုက်တာကြောင့် ဦးညလည်း ကြိုက်ပါ့မလားလို့တွေးမိပြီး အားနာသွားရသည်။ဦးညက သူ့ထက် အဆတစ်ရာလောက် ဇီဇာကြောင်တယ်မလား။

" အခန်းပို ရှိမယ်ထင်လို့ ကျွန်တော်က လိုက်လာခဲ့မိတာ။ဦးညကို အားနာလိုက်တာ "

မျက်နှာချိုသွေးကာ လေသံပျော့ပျော့နဲ့ အားနာစကားဆိုမိတော့ ဦးညက သူ့ကို ဘာမှပြန်မပြော။သူ့ရဲ့ အခန်းဆို Dreambed တွေရော၊ဆိုဖာတွေရောနှင့် ရှုပ်ယှက်ခတ်နေတာ။ဂိမ်းစွဲတဲ့ အချိန်တုန်းကဆို ဂိမ်းစက်တောင် အခန်းထဲထည့်ပြီး တစ်နေကုန် အခန်းထဲက မထွက်တမ်း ဆော့လိုက်သေးသည်။

အခု ဦးည အခန်းကကျ ကုတင် တစ်လုံးက လွဲပြီး ဘာမှမရှိ။Dreambed ရှိရင်တောင် အဲ့ဒီမှာ သွားတက်အိပ်လို့ရသေးသည်။ကြမ်းခင်းပေါ်မှာတော့လည်း သူမအိပ်နိုင်။

" ဒီအိမ်ကိုဘာဧည့်သည်မှ ခေါ် ဖို့ အစီအစဉ်မရှိလို့ အခန်းပို မထားတာ..ရောက်မှတော့ အားနာမနေနဲ့ ။ပြောစကားကျ နားမထောင်ဘဲနဲ့.. "

မြတ်နိုးချစ်Where stories live. Discover now