Episode 20

2K 158 9
                                    

Unicode

" ဘယ်နှစ်ယောက်ကျန်သေးလဲ သူဇာလှိုင် "

" ဆယ်ယောက်လောက်ပဲ ရှိမယ်ထင်တယ်။သူဇာတို့ သုံးယောက်လောက်စီခွဲယူလိုက်ရင် ခဏလေး ပြီးပါတယ် "

ဒီနေ့က ဘောင်ချာလာရှင်းတဲ့ရက်မို့ ထုံးစံအတိုင်း ဒီနေ့ဆို စက်ရုံကအပြင်လူတွေနှင့် စည်ကားနေတတ်သည်။

စက်ပိုင်ထွဋ်လည်း ပထမဆုံးလမဟုတ်တော့တာကြောင့် စက်ရုံနဲ့ပတ်သက်ပြီး တော်တော်တော့နားလည်နေပြီဖြစ်သည်။သို့ပေမဲ့ မိုးညကတော့ သူ့ကိုယုံယုံကြည်ကြည်နဲ့ မျက်နှာလွဲခဲပစ် မလုပ်ထားရဲ။သူလည်း ပထမဆုံးလမှာပင် ငွေကွာထားတဲ့ကိစ္စနဲ့ ကြုံဖူးပြီးသားမို့ အရင်လတွေနည်းတူ အခုလည်း ဂရုတစိုက်တော့ လုပ်နေပုံရသည်။

တစ်နေကုန် ခါးကြီးမတ်ပြီး ဟိုမှတ်ဒီမှတ်လိုက်၊ငွေစစ်လိုက်လုပ်နေရတာမို့ ခါးကြောတွေတောင့်နေတာကြောင့် လက်နှစ်ဖက်ကိုမြောက်ကာ ခါးကြောတွေဆန့်ပြီး ဦးညဘက်ကို ကြည့်လိုက်တော့ ဦးညက သူ့ကိုခပ်ငေးငေးကြည့်နေသည်။

" ဦးည ဘာတွေကြည့်နေတာလဲ "

" အလုပ်အကြောင်းတွေးနေတာ "

သူ့မျက်နှာကိုငေးနေပြီး အလုပ်အကြောင်းတွေးနေတာဟု ဦးညက ဗြောင်လိမ်သည်။သူမကျေနပ်၍..

" ဦးညအလုပ်က ကျွန်တော့်မျက်နှာမှာ ရှိလို့လား "

" မင်းမျက်နှာကို ကြည့်နေတာမဟုတ်ဘူး။ကြုံရာငေးနေတာ..တကယ်လို့ မင်းကိုကြည့်မိတယ်ပဲထားပါဦး။မင်းဘာဖြစ်သွားလို့လဲ "

အားတာနဲ့ ဟောက်နေတော့တာပဲ။

" ဟောဗျာ...ဒါလေးစလိုက်တာကို စိတ်တိုသွားပြန်ပြီလား "

" စကားလာမများနဲ့တော့ စောစောပြီးရင် စောစောနားရမှာ။အချိန်ရှိတုန်း မြန်မြန်ပြီးအောင်လုပ် "

" ဟုတ်ကဲ့ပါဗျာ.."

အာဏာပိုင်ကြီး သဘောအတိုင်းပါပဲ။
ဦးညစကားကို နာခံစွာ လေပူတစ်ချက်မှုတ်ထုတ်ပြီး စာရင်းစစ်မည်ဆိုမှ...ကိုယ်ဆွဲထားတဲ့ အစီအစဥ်ကို ရုတ်တရက်သတိပြန်ရသွာသည်။တစ်နေကုန် အလုပ်ရှုပ်နေတာနဲ့ပဲ မေ့သွားတာ။တော်သေးတာပေါ့..အချိန်ရှိတုန်းသတိရလို့။

မြတ်နိုးချစ်Where stories live. Discover now