Episode 16

1.8K 144 4
                                    

Unicode

" ဟင်း..အခန်းကလည်း မွေးမြူရေးခြံလောက်တောင် သားသားနားနား မရှိပါလား။အဝတ်အစားတွေကလည်း ဘယ်နေရာ ကြည့်ကြည့် တိုးလို့တန်းလန်းတွေနဲ့ ညစ်ပတ် စုတ်ပြတ်နေတာပဲကွာ...နည်းနည်းပါးပါးခေါက်သိမ်းစမ်းပါဦး "

လေးလေးက အခန်းထဲကို ဝေ့ပတ်ကြည့်ပြီး အဝတ်တန်းမှာ ဖြစ်သလို တင်ထားသည့် အဝတ်အစားတွေကို ကြည့်ကာ ပွစိပွစိလာလုပ်နေပြန်သည်။တော်သေးတယ်..မာမီ့အထက်ကနေ လူပျိုကြီးအဖြစ်နဲ့မွေးလာလို့သာပေါ့။အပျိူကြီးအဖြစ်နဲ့သာ မွေးလာလို့ကတော့ သူ့ဘဝက တကယ်မတွေးရဲစရာဘဲ။

" ပြန်ပါတော့ လေးလေးရယ်။နားတွေ ငြီးလွန်းလို့ပါ။ကိုယ့်အခန်းကိုယ် ဘယ်လိုနေနေပေါ့။လေးလေးကိုက စကားများလွန်းတယ်။ကဂျီကကြောင်နဲ့ အဲ့ဒါကြောင့်လည်း ယူမဲ့မိန်းမမရှိတာ "

ပြန်စရာရှိတာ မြန်မြန်မပြန်ဘဲ သူ့အခန်းဆီဝင်ပြီး တကူးတက အခေါ် လွှတ်သေးတယ်။

" မင်း ပြောလိုက်ရင် ဒီအတိုင်းချည်းပဲ။အပြောမခံ ချင်ရင် စည်းကမ်းရှိရှိ နေမှပေါ့ကွ "

" တော်ပါတော့ဗျာ...နားတွေလည်း မီးခိုးထွက်တော့မယ် "

" ဒိထက် မီးခိုးထွက်ဖို့ ပြင်ထား အငယ်မ ငါ့ဆီလာဦးမှာ "

အန်တီလေးပါ လာဦးမှာလား။အန်တီလေးကိုတော့ သူ ကြောက်သည်။ကြောက်တယ်ဆိုတာက တခြားမဟုတ် အားကြီးစကားများပြီး၊အတိုင်အတောထူလွန်းလို့ဖြစ်သည်။သူဒီကို လာရတာလည်း အန်တီလေးက တစ်နေ့တစ်နေ့ ဘွဲ့ရပြီး အလေနတ်တော လမ်းသလားနေပါတယ်ဆိုပြီး လှမ်းတိုင်လိုက်လို့သာ လာရခြင်းဖြစ်သည်။

" ဝဋ်ကြွေးရှိတာကိုး...နားဒုက္ခတော့ ခံရဦးမှာပေါ့ ။
ရုံးခန်းပြန်ပြီ...အဲ့ဒီမှာ အမြင်မတော်တာရှိရင် ကိုယ်တိုင်သာ သိမ်းသွားခဲ့ပေတော့ "

" ဟေ့ကောင်...ငါပြောစရာရှိလို့ ခေါ်လိုက်တာ။ခဏနေဦး "

တံခါးဖွင့်လက်စနှင့် လေးလေးကို စိတ်မရှည်စွာ လှည့်ကြည့်လိုက်သည်။ပြောစရာရှိတာပဲ အစတည်းက ပြောပါ့လား။

" ရုံးခန်းထဲမှာ လာပြောလည်းရတာကိုဗျာ.. "

" ရုံးခန်းထဲမှာ မပြောချင်လို့ ဒီကို ခေါ်လိုက်တာပေါ့ကွ။မင်း အခုတလော မိုးညနဲ့ ခပ်ဝေးဝေးမှာနေ "

မြတ်နိုးချစ်Where stories live. Discover now