Episode 37

2K 146 20
                                    

Unicode

ဆိုင်နာမည်ကို ရောင်စုံမီးသီးလေးတွေနှင့် အလှဆင်ထားသည့် Mimosa ဆိုသည့် ဆိုင်းဘုတ်ကိုတွေ့လိုက်ရတာနှင့် ဇေယျစိုင်းအလိုလိုတက်ကြွလာမိသည်။
အရင်လတွေ၊နေ့တွေကဆို သူ့မှာ အကြောင်းကိစ္စနဲ့ ဒီဆိုင်ရှေ့က ဖြတ်သွားရရင် သက်ပြင်းတစ်ချချနှင့်။အခုမှပဲ နောက်တစ်ခေါက်ပြန်ထိုင်ခွင့်ရတော့သည်။
ကားပါကင်မှာ ကားကိုသေချာထိုးရပ်ပြီး ဆိုင်ရှေ့အနီးအနားတစ်ဝိုက်လျှောက်ကြည့်မိတော့...တွေ့ ပြီ။

" စက်ပိုင်ထွဋ် "

ကားပေါ် မှအမြန်ဆင်းကာ မတိုးမကျယ်အသံမျိုးနှင့် လှမ်းအော်လိုက်သည်။အသံက အားရဝမ်းသာနှင့် နည်းနည်းကျယ်သွားတာကြောင့် တချို့တလေက သူ့ကိုလှည့်ကြည့်ကြ၏။ဒါပေမဲ့ ခဏသာ။စက်ပိုင်ထွဋ်ကလည်း သူ့ကိုမြင်တော့ သူ့ကားဘက်ကို လျှောက်လာနေသည်။
သူရော၊စက်ပိုင်ထွဋ်ရော သူလျှောက်လာ၊ကိုယ်လျှောက်လာနှင့် ဆိုင်ဝမှာ သွားဆုံကြ၏။

" ကိုဇေယျက ရောက်အောင်တော့လာသားပဲ "

" မလာလို့ရမလားကွ။မတွေ့ရတာတောင် ကြာပြီကွာ။မင်းဖုန်းဆက်လာတော့ ငါတကယ် ဝမ်းသာသွားတာ "

စက်ပိုင်ထွဋ်နှင့် ပထမတစ်ခေါက် ဒီမှာလာထိုင်ပြီးတည်းက ဒီဆိုင်ကိုတော်တော်သဘောကျခဲ့မိတာ။မပြောမဆိုနဲ့ စက်ပိုင်ထွဋ်က စက်ရုံကနေလည်း ထွက်သွားရော သူတစ်ယောက်တည်းကျန်ခဲ့ပြီး ဘာမှမလုပ်တတ်တော့။

" ကိုဇေယျကလည်း တစ်ယောက်တည်းအေးဆေးလာထိုင်လည်း ဖြစ်တာကိုဗျာ "

" အဖော်နဲ့ မဟုတ်ရင် မလာရဲဘူး။အဲ့ဒီအဖော်ကလည်း မင်းမို့လို့ငါလာထိုင်ရဲတာ။တစ်ယောက်တည်းဆို ငါ့ပုံစံနဲ့ ကြောင်တောင်တောင်ဖြစ်နေမှာ "

ဒီလို ခပ်ညည်းညည်းပြောလာပြန်တော့ မျက်စိရှေ့က ဒီလူပျိုကြီးကိုလည်း စက်ပိုင်ထွဋ် တစ်မျိုးသနားမိပြန်သည်။ကိုဇေယျခမျာလည်း ဒီလိုနေရာတွေကျတော့ သွားရလာရတာ အခက်အခဲရှိတာပေါ့။

" ကိုဇေယျ ဒီလောက်စိတ်အားထက်သန်နေမှန်းမသိလိုက်ဘူးဗျာ "

" ဒါနဲ့ မင်းဒီကိုဘာလာလုပ်တာလဲ။မင်းလာတာ သူဋ္ဌေးသိလား "

မြတ်နိုးချစ်Where stories live. Discover now