Episode 26

1.9K 145 8
                                    

Unicode

" သားလေးမနိုးသေးဘူးလား မီမီ "

မနက်စာစားဖို့ ဝင်ထိုင်ရင်းက ဦးသန်းထွန်း ဇနီးဖြစ်သူကို မေးလိုက်သည်။

" ရှင့်သားက မိုးလင်းပိုင်းမှ အိမ်ပြန်ရောက်လာတာ ဘယ်လိုလုပ် ဒီအချိန်နိုးဦးမှာလဲ။သားက ကိုကြီးစက်ရုံမှာလည်း အလုပ်တွေတောက်လျှောက်လုပ်လာရတာ။ရောက်ရောက်ချင်းတော့ နားပါစေဦးလား "

ညက သားတို့ပြန်အလာကို အတူတူထိုင်စောင့်ခဲ့ကြပေမဲ့ ပွဲရုံမှာ တစ်နေကုန် ပင်ပန်းထားတာကြောင့် မီမီ့ထက်အရင်အိပ်ပျော်သွားခဲ့ပြီး သားပြန်ရောက်လာတာကိုလည်း မသိလိုက်။

" ငါကလည်း ငါ့သားကို ခိုင်းဖို့မေးတာမှ မဟုတ်တာ။စောစောစီးစီး ဘယ့်နှယ့် ဆောင့်ကြီးအောင့်ကြီးနဲ့ ပြောရတာလဲ "

" သားပြန်ရောက်ပြီ ဒက်ဒီ "

မနက်စာစားဖို့ ထမင်းစားခန်းထဲ ဝင်လာတုန်း ဒက်ဒီပြောသမျှကို အကုန်ကြားလိုက်တာမို့ မာမီ့အရင် ဖြေလိုက်၏။

" သား မင်းက နိုးတောင်နိုးနေပြီလား "

" ဗိုက်အရမ်းဆာလာလို့ နိုးလာတာ ဒက်ဒီ။စားပြီးရင် ပြန်အိပ်မှာ "

" စားပြီးပြီးချင်း မအိပ်နဲ့လေကွာ။ အစာမကြေဖြစ်ဦးမယ် "

ဒက်ဒီ့အပြောကို ခေါင်းညိတ်ပြလိုက်ပြီး မာမီ့နားကပ်ကာ မာမီ့ပါးကို ဖွဖွနမ်းလိုက်သည်။

" နောက်ပြီး မာမီ့ကိုလည်း သားတော်တော်လွမ်းနေတာသိလား "

" မသိပါဘူး..လွမ်းတဲ့သူက ဖုန်းတောင်တစ်ချက်မဆက်ပဲနဲ့ "

" သားကိုကျတော့ပြောတယ်။မင်းကျတော့ရော အရင်စဆက်လို့လား "

ဒေါ် မေမီကျော်က သူ့ယောကျာ်းကို ရှင်ပြောပြန်ပြီဆိုသည့် အကြည့်မျိုးနဲ့ ကြည့်ပြီးမှ..

" မီမီက သားအသံကြားရင် ပိုသတိရလို့ မဆက်တာလေ "

" သားဗိုက်ဆာလာပြီ "

ဗိုက်လေးနှိပ်ကာ ခပ်ချွဲချွဲပြောလိုက်တော့ မာမီက အုန်းနို့ခေါက်ဆွဲပန်းကန်ကို ရှေ့ချပေးလာသည်။မာမီ အသင့်ပြင်ပေးသည့် အုန်းနို့ခေါက်ဆွဲကို စားနေရင်းက ဦးညကို သတိရသွား၏။ဦးညရော ဒီအချိန်လောက်ဆို စက်ရုံသွားဖို့ ပြင်ဆင်နေလောက်ပြီလား။

မြတ်နိုးချစ်Where stories live. Discover now