Episode 14

1.9K 157 8
                                    

Unicode

ဒီစက်ရုံကို ရောက်လာတာ ဘာလိုလိုနဲ့ တစ်လတောင်ကုန်သွားပြီဖြစ်သည်။ဒီနေ့က လကုန်ပြီး တစ်ရက်နေ့၊ ထို့ပြင် ဘောင်ချာလာရှင်းကြတဲ့နေ့လည်းဖြစ်၏။နေ့လယ်လောက်ကစပြီး အလုပ်ကတောက်လျှောက်ရှုပ်လာတာ ယခုမိုးချုပ်တဲ့အထိပင်။လူတွေကလည်း တော်တော်ရှုပ်ကာ ပင်လည်းပင်ပန်းသည်။သူကသာ ပင်ပန်းနေပုံပေါက်ပေမဲ့ မသူဇာလှိုင်နဲ့ ဦးညကတော့ အလုပ်တွေနဲ့ အသားကျနေဟန် ။

ရုံးခန်းနံရံမှာ ကပ်ထားသော တိုင်ကပ်နာရီဆီ မော့ကြည့်မိတော့ ရှစ်နာရီထိုးဖို့ သိပ်မလိုတော့။မသူဇာလှိုင်ကတော့ ခုနစ်နာရီခွဲလောက်တည်းက သူမအလုပ်ပြီးလို့ အခန်းပြန်သွားပြီ ဖြစ်သည်။

သူကတော့ အခုထိမပြန်ရသေး။ပြဿနာက ပိုက်ဆံ နှစ်သောင်းကွာနေတဲ့ကိစ္စဖြစ်သည်။စာရင်းနဲ့ ပိုက်ဆံက လွဲနေသည်။သူလိုက်စစ်နေတာလည်း မိနစ်တော်တော်များများရှိနေပြီ ဘယ်နားကလိုနေသည်လဲ လုံးဝရှာမတွေ့ ။ air-con ခန်းထဲမှာထိုင်ပြီး လူကချွေးတောင်ပြန်လာသည်။ပိုက်ဆံနှစ်သောင်းလောက်လေးကို အသည်းအသန် လိုက်ရှာနေရတာ စိတ်ပျက်စရာ။

" အခုထက်ထိ ရှာလို့မတွေ့သေးဘူးလား စက်ပိုင်ထွဋ် "

ပိုက်ဆံအုပ်ကိုရေနေရာက စိတ်ပျက်လက်ပျက်နှင့် မော့ကြည့်ကာ ခေါင်းယမ်းပြလာသည်။

မိုးည စိတ်ရှည်ရှည်နဲ့ တမင် အချိန်ကုန်ခံပြီး စက်ပိုင်ထွဋ်ကို ထိုင်ကြည့်နေတာဖြစ်သည်။နေရာတကာ ပေါ့ပျက်ပျက်အလွယ်လိုက်လွန်းလို့ ပညာပြချင်တာလည်းပါသည်။လူဆိုတာ ကိုယ်တိုင် အမှားလုပ်ဖူးမှ နောက်နောင် သေချာဆင်ခြင်ပြင်ဆင်ဖို့ သတိရတတ်ကြတာမလား။

ပိုက်ဆံ ဘယ်နားက လိုနေသလဲဆိုတာ ဒုတိယ အခေါက် သူပြန်စစ်တည်းက မိုးညတွေ့လိုက်ပြီးသား။တမင်မပြောပြဘဲ နေလိုက်တာ အခုထက်ထိ စက်ပိုင်ထွဋ် ရှာလို့မတွေ့သေး။

သူပြန်ဖို့လည်း တော်တော်နောက်ကျနေပြီဖြစ်သည်။မေမေကလည်း ပြန်မလာသေးဘူးလားဆိုပြီး message ပို့နေပြီ။စိတ်ရှိတိုင်းသားဆို တစ်ညလုံးသာ ထိုင်ရှာခိုင်းနေချင်တာ။

မြတ်နိုးချစ်Where stories live. Discover now