Final

4.2K 157 21
                                    

Unicode

ကားပြတင်းမှန်ကို အနည်းငယ်ချပြီး ပြင်ပလေကို ရှူရှိုက်ရင်းက မိုးညသက်ပြင်းသာ ချနေမိသည်။အိမ်အပြန်လမ်းခရီးမှာ သူတစ်ယောက်တည်း မွန်းကြပ်လွန်းနေတာထင်၏။စက်ပိုင်ထွဋ်ကလည်း အေးအေးလူလူ ကားမောင်းနေသလို ငြိမ်းချမ်းအောင်နှင့် ရှင်းသန့်ဇော်တို့ကလည်း back seat မှာ အိပ်လျက်ပါလာကြသည်။

မိုးည အခုအသည်းအသန် စဥ်းစားနေတာက ငြိမ်းချမ်းအောင်တို့ကို ဘယ်မှာထားရမလဲဆိုတာပင်။အိမ်မှာက အခန်းပိုရယ်လို့ မရှိတာကြောင့် မိုးညကြိုတွေးပူနေမိ၏။သူတို့အိမ်မှာတုန်းက ကိုယ်တို့နှစ်ယောက်ကို အစစအရာရာ လိုလေသေးမရှိ ဧည့်ခံထားပြီး ကိုယ့်ဆီလာလည်တော့မှ ဧည့်ဝတ်မကျေသလို ဖြစ်မှာကို စိုးရိမ်နေမိသည်။ထွဋ်နဲ့ ပထမဆုံး ထွက်လာတဲ့ခရီးမှာ သူအသိတရားတချို့ ရလိုက်တာကြောင့်ဖြစ်၏။

နောက်ပြီး ငြိမ်းချမ်းအောင်တို့ ဒီလို တစ်ခါတည်းလိုက်လည်မယ်လို့လည်း မထင်ထားတာပါသည်။တစ်ခါတည်းလိုက်လည်မယ်လို့ ပြောသံလည်းမကြားမိဘဲနဲ့ ထွဋ်နဲ့သူ ပြန်ဖို့ အထုတ်ဆွဲပြီးဆင်းလာတော့ သူတို့က အဆင်သင့်တောင် စောင့်နေကြပြီ။

ကားမောင်းနေတဲ့ စက်ပိုင်ထွဋ်ကို မိုးညကြည့်လိုက်သည်။သူတို့ကို ဘယ်အခန်းမှာထားကြမှာလဲလို့ မေးချင်နေပေမဲ့ တော်ကြာ အိပ်တစ်ဝက်၊နိုးတစ်ဝက်နှင့် ကြားသွားကြရင်လည်း မကောင်း။အဲ့ဒီတော့ ကူရာကယ်ရာမဲ့သလိုဖြစ်ပြီး လမ်းဘေးမြင်ကွင်းတွေကို လျှောက်ငေးနေမိတာဖြစ်သည်။

" ဦးည မအိပ်ဘူးလား "

အလာတုန်းကတောင် အိပ်လာသေးပြီး အပြန်ကျမှ
lover seatကနေ ဟိုလှည့်လိုက်ဒီလှည့်လိုက်လုပ်နေတာကြောင့် ဦးညကို သူမေးလိုက်တာဖြစ်သည်။

" မအိပ်ချင်လို့..."

" အပြင်ကိုပဲ ငေးနေတာကို။လမ်းတစ်လျှောက်လုံး ဘာတွေတွေးပြီး ငြိမ်နေတာလဲ။အိမ်ပြန်ရမှာ ကြောက်နေတာလား "

ဦးညအကြောင်းကို သိနေတာမို့ ဖြစ်နေလောက်တာကို တွေးပြီး မေးကြည့်လိုက်တော့..

မြတ်နိုးချစ်Where stories live. Discover now