Episode 11

2K 165 4
                                    

Unicode

"ရောက်နေမှပဲ..ရောက်ဖူးတယ်ရှိတာပေါ့ ကိုဇေယျရယ်။ခင်ဗျားလည်း ရောက်ဖူးချင်လို့ လိုက်လာတာပဲမလား။ဖြစ်သမျှ ပြဿနာ ကျွန်တော် အကုန်တာဝန်ယူမယ်။ရောက်လက်စနဲ့ တစ်နာရီလောက်တော့ ဝင်လိုက်ပါဗျာ... နော် "

Bar ရှေ့ရောက်နေကာမှ မျက်စိမျက်နှာပျက်ကာ ငိုမဲ့မဲ့ကြီးနှင့် ပြန်မယ်တကဲကဲ လုပ်နေသော ကိုဇေယျကို စက်ပိုင်ထွဋ် လက်အုပ်မချီရုံတမယ် မနည်းတောင်းပန်ပြောယူနေရသည်။လူတွေ ကွက်ကြည့် ကွက်ကြည့် လုပ်သွားပေမဲ့လည်း မရှက်နိုင်တော့။ဒီအဖြစ်ကို ဟိုကောင်တွေသာတွေ့ရင် ဘယ်လောက်တောင် အဟားခံရမည်မသိ။

" ဖြစ်ပါ့မလားကွာ..ကိုမိုးသိရင် ငါအလုပ်ပြုတ်မှာ။ဒီခေတ်ကြီးထဲမှာ အလုပ်တစ်ခုရဖို့ဆိုတာ လွယ်တာမဟုတ်ဘူးကွ။ငါပြန်တော့မယ်ကွာ "

ဇေယျစိုင်း တကယ်လည်း ကြောက်နေပါသည်။စက်ရုံမှာ အလုပ်လုပ်လာတဲ့ခြောက်နှစ်လုံးလုံး ဒီလို စည်းကမ်းပျက်ပြီး တစ်ခါမှ ထွက်ဖူးတာမဟုတ်။အဲ့ဒါကြောင့်လည်း ကိုမိုးက ယုံယုံကြည်ကြည်နဲ့ သူ့ကို စက်ရုံမှူးအဖြစ် ခန့်ထားခဲ့တာ။အခုတော့ ကိုမိုး ယုံကြည်မှုကို အလွဲသုံးစား လုပ်နေသလိုများ ဖြစ်နေမလား။

ပြောပြီးတာနဲ့ ကားဆီပြန်လှည့်ထွက်သွားသော ကိုဇေယျကို စက်ပိုင်ထွဋ် အတင်းလိုက်ဆွဲရပြန်သည်။

" ကိုဇေယျ တစ်နာရီတည်းပါဗျာ။တစ်နာရီဆိုတာ ခဏလေးပါ ရောက်လက်စနဲ့ ဝင်ပါဗျာ။ကျွန်တော် ဒကာခံပါ့မယ် "

" မင်းဆီက စားချင်သောက်ချင်လို့ လိုက်လာတာ မဟုတ်ပါဘူးကွာ။ငါ ငါ ရောက်ဖူးချင်လို့ပါ။ဒါပေမဲ့ ကိုမိုးကို ငါမနက်ဖြန် မျက်နှာချင်းဆိုင်ဝံ့မှာ မဟုတ်ဘူးကွ သိလား "

" ကိုဇေယျရယ် ကျွန်တော်တို့က လူငယ်တွေလေဗျာ။တစ်ခါတလေ အပျော်အပါးတော့ရှိမှာပေါ့။ဘယ်သူကတော့.. "

ပြောနေရင်းက သုတဆီက ဖုန်းဝင်လာတာကြောင့် ကိုဇေယျ မျက်နှာရှေ့ ဖုန်းထိုးပြကာ......

" ဒီမှာ ကျွန်တော့် သူငယ်ချင်း ဖုန်းခေါ်နေပြီ။ကိုဇေယျ အခုမဝင်ရင် ဒီကောင်က စက်ရုံထိ လာရစ်မှာ ။
အဲ့ဒီကောင်လာရင် ပြဿနာတက်မှာနော်။
ကိုဇေယျ ဝင်မလား၊မဝင်ဘူးလား စဥ်းစား "

မြတ်နိုးချစ်Where stories live. Discover now