Episode 21

1.9K 149 6
                                    

Unicode

စက်ရုံဝန်းထဲ ကားရပ်လိုက်တာနဲ့ မြေကြီးပေါ် ခြေထောက်ချဖို့ကို တော်တော်ဝန်လေးနေမိသည်။
ညက ဇေယျစိုင်းကို သူ့ဦးလေအိမ်ကနေ ပြန်လာခေါ် ခိုင်းလောက်သည်။သူနဲ့ ဘယ်လိုမျက်နှာချင်းဆိုင်ရပါ့မလဲ။

ဒီလိုအခြေအနေထွေ မရှုပ်ထွေးခင်တုန်းကတောင် သွားသတိ၊လာသတိနဲ့ နေနေရတာ။အခု စက်ပိုင်ထွဋ်ကို ဘယ်လိုရင်ဆိုင်ရပါ့မလဲ။ညကလည်း ကိုယ့်ကိုတောင် သူက စိတ်ပြန်ဆိုးသွားသေးတာ။

" ကိုမိုး စက်ရုံလာတာ သက်သာလို့လား "

ကားထဲက ဆင်းဆင်းချင်း အောင်အောင်က မေးလာသည်။သက်သာလားဆိုတော့ နေမကောင်းလည်းမဖြစ်ပါဘူး။သူဘာပြန်ဖြေရမှန်းမသိ။အောင်အောင်ကလည်း သူပြန်မဖြေမချင်း ရပ်စောင့်နေမည့်ပုံမို့....

" အေး...သက်သာသွားပါပြီ။ဒါနဲ့ အဲ့ဒီရေပုံးက ဘာလုပ်တာလဲ "

" ကန်ဆေးနေကြတာလေ ကိုမိုးရဲ့ "

" သြော်..အေး..အကုန်လုံးကိုပြောလိုက် မြန်မြန်ဆေးကြလို့။ရာသီဥတုအပြောင်းအလဲနဲ့ အအေးတွေမိမှာစိုးလို့ "

ဟုတ်ကဲ့တစ်ခွန်းလည်းမပြော၊ခေါင်းလည်းမညိတ်ပြဘဲ အောင်အောင်က သွားဖြဲပြပြီး ကန်ဘက်ဆီဆက်လျှောက်သွားသည်။ဒီကောင်တွေ ကန်ဆေးရင်း ရေဆော့ကြဦးမယ်နဲ့ တူပါတယ်။

" ဟော..ကိုမိုး အလုပ်လေးဘာလေးနားမှပေါ့။မနေ့ညနေကဆို ဆေးရုံတက်ရပြီတောင်မှတ်တာ "

စက်ရုံထဲရောက်တာနဲ့ ထမင်းချက်အဒေါ် ကြီးက လူနာသတင်းမေးသလို သတင်းထပ်မေးပြန်၏။စက်ရုံမှာက သူ့ကို ကိုမိုးဆိုပြီး အကုန်နှုတ်ကျိုးနေကြပြီဖြစ်သည်။

" ကျွန်တော် ဘာမှမဖြစ်ပါဘူး။နေကောင်းပါတယ် "

" မသိပါဘူး..ညနေက သူဋ္ဌေးတူလေးက ပွေ့တောင်ချီသွားတာဆိုတော့ ဆေးရုံရောက်ပြီမှတ်တာ။တော်သေးတာပေါ့ လတ်လတ်ဆတ်ဆတ်ရှိသေးလို့ "

မိုးညမှာ ဒေါ် ကြီးစကားကြောင့် ရီရခက်၊ငိုရခက်နှင့် နောက်တစ်ကြိမ် ဘာမှမဖြစ်ပါဘူး ပြောပြီး ရုံးခန်းရှိရာ အပေါ်ထပ်သို့ ရင်တဒိတ်ဒိတ်ဖြင့်တက်လာလိုက်သည်။
ဒါဆိုမနေ့ညနေက စက်ပိုင်ထွဋ် သူ့ကို ကားပေါ် ထိ ပွေ့ချီလာတာပေါ့။

မြတ်နိုးချစ်Where stories live. Discover now