Episode 2

3.8K 221 1
                                    

Unicode

ဒီဘက်လမ်းကြောတွေကို မရောက်ဖြစ်တာ အတော်ကြာနေ၍ စက်ပိုင်ထွဋ်အတွက် အနည်းငယ် အသစ်အဆန်းလို ဖြစ်နေသည်။အရင်က ဖြတ်သွားဖူးခဲ့သလို လယ်ကွင်းပြင်ကျယ်တွေချည်း မဟုတ်တော့။ တည်ဆောက်နေဆဲ အဆောက်အဦး အသစ်အချို့တွေကိုလည်း တွေ့လာရသည်။

စက်ပိုင်ထွဋ် သဘောအကျဆုံးက လမ်းတစ်လျှောက်ဝဲ၊ယာ နှစ်ဖက်မှ စားကျက်၊လယ်ကွင်းစိမ်းစိမ်းတွေနှင့် သီးနှံစိုက်ခင်းတွေပင်။နောက်ပြီး လမ်းဘေးရေကန်ဆီမှာ သဘာဝအလျောက်ပေါက်ရောက်နေတဲ့ ကြာနီနီတွေဖြစ်သည်။

လေးလေးဆီမရောက်ဖြစ်တဲ့ ဒီနှစ်တွေအတွင်းမှာ ဒီလမ်းကြောက ဘယ်လောက်တောင်များ ပြောင်းလဲသွားပါလိမ့်။ဒါမှမဟုတ် အရင်ကပဲ သတိမထားမိလို့များလား။မဆိုးဘူး...လမ်းတစ်လျှောက်လုံး မြင်လာရတဲ့ view( မြင်ကွင်း) က တော်တော်လှတာ။

ကိုယ့်အုပ်စုနဲ့ကိုယ် ရိက္ခာအပြည့်နဲ့လာရင် တကယ်မိုက်မှာ။အခုလောလောဆယ်တော့ ကားပေါ်မှာ ကိုယ်နဲ့ဒရိုင်ဘာဦးလေးကြီး နှစ်ယောက်တည်း။ပျင်းခြောက်ခြောက်နှင့် တစ်ကားလုံး တိတ်ဆိတ်နေသည်။

တစ်လမ်းလုံး အိပ်ပြီး လိုက်လာရအောင်လည်း ကိုယ့်စက္ခုနှစ်ကွင်းက ကားပေါ်ထိုင်လိုက်တာနဲ့ အပြူးသား ဘယ်လိုမှအိပ်မရတော့။အဲ့ဒါကြောင့်လည်း ကားနှင့်သွားတဲ့ ခရီးတွေဆိုလည်း ဒိုင်ခံမောင်းပေးရတာမို့ ပင်ပန်းသည်။ဘယ်ဘဝက ဝဋ်ကြွေးတွေလဲတော့မသိ။

မြစ်ကူးတံတားကြီးပေါ် ကားဘီးစတင်အခြေချလိုက်ခြင်းမှာဘဲ စက်ပိုင်ထွဋ် ကားမှန်တွေကို အောက်ဆုံးထိလျောချပစ်လိုက်သည်။အပေါ် စီးကနေ မြင်နေရတဲ့ မြစ်ပြင်ကျယ်ကြီးကို ကြည့်မဝနိုင် ဖြစ်နေသည်။

ဘယ်ဘက်အခြမ်းမှာတော့ ပင်လယ်ဘက်ဆီသို့ ဦးတည်နေသည့် အဆုံးမရှိသော မြစ်ဝကျယ်ကြီးကို မြင်နေရပြီး၊ညာဘက်အခြမ်းမှာတော့ ကမ်းကပ်ထားတဲ့ မြစ်ကူးသ​ေင်္ဘါ ကြီးတွေကိုသာ တွေ့ရသည်။

သူတို့ ဟိုးအရင် လေးလေးဆီ လာလည်ရင် ဒီတံတားကြီးမဆောက်ရသေးတော့ သ​​ေင်္ဘါအကြီးကြီးတွေနှင့် ကားတွေဆိုင်ကယ်တွေပါ လူနှင့်အတူ ရောတင်ပြီး ရင်တထိတ်ထိတ်ကူးခဲ့ရသည့် အချိန်တွေကို သတိရသွားသည်။

မြတ်နိုးချစ်Where stories live. Discover now