𝗘𝘅𝘁𝗿𝗮 𝗜

2.2K 112 10
                                    

Unicode

စာရင်းတွေစစ်နေရင်းကနေ ကလင်ခနဲ မက်ဆေ့သံမြည်လာကာ ဖုန်းမျက်နှာပြင်က ထလင်းလာ၏။မိုးညက ဖုန်းကို လော့ခ်ခံထားလေ့မရှိတာကြောင့် ဖုန်းမျက်နှာပြင်ပေါ် မှာ ကန့်လန့်ဖြတ်အဖြူရောင်အတန်းလေး ပေါ် လာပြီး contact name ကတော့ U Nya's ဟူ၍ အနောက်မှာအသည်းပုံအီမိုဂျီ အပြာရောင်ကလေးနဲ့ဖြစ်သည်။

~ ကျွန်တော်စက်ရုံအောက်မှာရောက်နေပြီနော်ဦးည ~

messages conversations ထဲထိဝင်ကာ ရောက်ရှိလာသည့် စာတန်းလေးကို ဖတ်ပြီးတာနှင့် မိုးညမျက်နှာက ချက်ချင်းကိုလင်းလက်သွားရသည်။နာရီကိုပြန်ကြည့်မိတော့ ငါးနာရီနှင့်လေးဆယ့်ငါးမိနစ် ဖြစ်နေပြီမို့ စစ်လက်စ စာရင်းစာအုပ်ကို သေချာမှတ်သားကာ နေရာတကျပြန်ထားလိုက်ပြီး laptop ကိုပါပိတ်လို့ အိတ်ထဲတစ်ခါတည်းထည့်သိမ်းပစ်လိုက်၏။ဖြစ်နိုင်ရင် ထွဋ်ကြည့်ကြည့်နေတဲ့ Super Hero Movie တွေထဲကလို ဒီရုံးခန်းအပေါ် ထပ် ပြတင်းပေါက်ကနေ ထွဋ်ရောက်နေတဲ့ ကားပါကင်ဆီ ခုန်ဆင်းသွားလိုက်ချင်ပြီ။

" ပြန်တော့မှာလားဆရာ "

အိမ်ပြန်ဖို့အတွက် ရေကြီးသုတ်ပျာဖြစ်နေသည့် မိုးညကို သူ့စာရေးမလေးက ဘောပင်လေးလက်မှာကိုင်လို့ မတ်တပ်ထရပ်ရင်းမေးလာသည်။

" အေး..ငါဒီနေ့စောစောပြန်နှင့်မယ် "

ရုံးခန်းတံခါးကိုတောင် သေချာပြန်မပိတ်နိုင်တော့ဘဲ ခြေလှမ်းတွေ မြန်နိုင်သမျှ သွက်သွက်လျှောက်လို့ ထွက်လာလိုက်သည်။

တွေ့ပါပြီ...အနက်ရောင်တီရှပ်လက်တိုလေးနှင့် jean style pantကို ပေါ့ပါးစွာဝတ်ထားပြီး မိုးညရဲ့ကားအဖြူလေးဘေးမှာရပ်ကာ ပျိုမျစ်ချောမောမှုတွေဝန်းရံလို့ စက်ရုံဝကိုကြည့်နေတဲ့ သူ့အမျိုးသား။

စက်ပိုင်ထွဋ်ကလည်း မိုးညထွက်လာမည့် စက်ရုံတံခါးအဝင်အဝကိုသာ မျက်တောင်မခတ်တမ်း ကြည့်နေတာမို့ မိုးညကိုမြင်သွားတာနှင့် ခြေလှမ်းကျဲတွေဖြင့် မိုးညဆီကို လျှောက်သွားတော့၏။

" ပေး ဦးည..ကျွန်တော့်ကိုပေး "

မိုးညလက်ထဲက laptopအိတ်ကို သူ့လက်ထဲသို့ ပြောင်းလဲသယ်ယူပြီး မိုးညကို အကြင်နာတွေပြည့်နေသော ချစ်မျက်ဝန်းတွေဖြင့် တစ်ချက်ကြည့်လိုက်သည်။

မြတ်နိုးချစ်Where stories live. Discover now