Episode 25

2.1K 147 7
                                    

Unicode

စားသောက်နေတုန်းပြီးစီးကာနီးမှ စက်ပိုင်ထွဋ်က အပြင်မှာ ဖုန်းထွက်ပြောတာကြောင့် စားပြီးသား ပန်းကန်တွေကို မိုးညကပဲ ဆေးကြောနေလိုက်သည်။

ခဏကြာတော့ ဖုန်းပြောရာကနေ မီးဖိုခန်းထဲ မျက်နှာမှုန်မှုန်နှင့် ပြန်ဝင်လာ၏။

" ဘယ်သူဆက်တာလဲ "

" ဒက်ဒီဖုန်းဆက်တာ ဦးည။ကျွန်တော့်ကို ပြန်ခေါ် နေပြီ မနက်ဖြန်အရောက်ပြန်လာခဲ့တဲ့ "

မိုးည ပန်းကန်တွေဆေးကြောရာနားကို ရောက်လာပြီး ဘေစင်ကို မှီရင်းက ပြောလာသည်။အင်းလေ...သူ့မိဘတွေလည်း သတိရနေမှာပေါ့။စက်ပိုင်ထွဋ်လည်း အိမ်မပြန်ဖြစ်တာ လာနဲ့ချီပြီးတော့ ကြာနေပြီကို။

" မနက်ဖြန်စောစောထပြန်လေ။ဘယ်သူလာခေါ် မှာလဲ "

စက်ပိုင်ထွဋ် ဒီကိုလာတော့ ကားမပါလာ၍ တစ်ယောက်ယောက် လိုက်ပို့ပေးတာထင်သည်။ကိုယ်တိုင် အိမ်ပြန်လိုက်ပို့ချင်ပေမဲ့လည်း ကိုယ်ကမအားတော့ လိုက်ပို့လို့ကမရ။

" ဦးညက ပြန်စေချင်နေပြီပေါ့ "

စက်ပိုင်ထွဋ်က မျက်နှာဆူပုတ်ပုတ်နှင့် မေးလာသည်။

" မိဘက လှမ်းခေါ် နေတာကို ငါကဘယ်လိုလုပ် အတင်းဆွဲထားရက်မှာလဲ။အလုပ်တွေလည်း ရှိသေးတယ်မလား။မင်းမိဘတွေလည်း မင်းကိုသတိရနေမှာပေါ့ "

"အလုပ်ရှိတာကတော့ ဟုတ်ပါတယ် ဒါပေမဲ့ အစောကြီးတော့မပြန်ဘူး.. ညဘက်ကျမှထပြန်မှာ။ကျွန်တော့် သူငယ်ချင်းတွေကိုပဲ လာခေါ် ခိုင်းလိုက်မယ် "

သူငယ်ချင်းတွေကို လာခေါ် ခိုင်းမယ်ဆိုတာကြောင့် မိုးည မျက်လုံးထောင့်ကပ်ကာ စက်ပိုင်ထွဋ်ကို မယုံသလို ကြည့်လိုက်ပြီး..

"အိမ်ကိုတန်းတန်းမတ်မတ်ရောက်အောင်မပြန်ဘဲ ဘယ်ကိုသဝေလိုက်ထိုးကြဦးမှာလဲ "

" သဝေမထိုးအားပါဘူးဗျာ..။ဦးညနားမှာ မိနစ်ပိုင်းလောက်ပဲဖြစ်ဖြစ်ပိုနေချင်လို့ အချိန်နည်းနည်းဆွဲထားလိုက်တာ။ ကျွန်တော့်ကိုက သူတို့ပြန်မယ်ဆိုမှ လာခေါ် ကြမှာ "

မြတ်နိုးချစ်Where stories live. Discover now