Episode 27

1.9K 142 29
                                    

Unicode

" နေလို့မကောင်းဘူးလား ဆရာ "

စာရေးမလေးက သူ့မျက်နှာကို စိုးရိမ်သလို ကြည့်ပြီးမေးလာသည်။ဒီစာရေးမလေးက ကိုယ့်အထက်လူကြီးအပေါ် တော့ တော်တော် ဂရုတစိုက်ရှိ၏။ဝန်ထမ်းကောင်း ပုံစံမျိုးပင်။

တစ်ခါတလေကျတော့လည်း သူဇာလှိုင်ကို သတိရမိသည်။ဖြိုးအိမွန်ဆိုတဲ့ ဒီစာရေးမလေးက ရင့်ကျက်တဲ့ မိန်းမငယ်လေး အသွင်အပြင်ရှိပြီး၊သူဇာလှိုင်ကျတော့ ဆိုးတေတတ်တဲ့ ညီမငယ်လေးတစ်ယောက်လိုပင်။

" ကောင်းပါတယ်။ခေါင်းနည်းနည်းထိုးကိုက်ရုံလောက်ပဲ "

" ခေါင်းကိုက်ပျောက်ဆေး သောက်မလား။ကျွန်မ သွားဝယ်ခိုင်းလိုက်မယ်လေ "

" နေ နေ ရတယ်။မဝယ်နဲ့တော့ "

အိပ်ရေးလည်း ပျက်တယ်ရယ်မဟုတ်ဘဲ အခုတလော ညဘက်တွေ အိပ်နေရင်းက ခဏခဏလန့်နိုးနေတာမို့လို့ ခေါင်းထဲတွေ ထိုးကိုက်နေတာဖြစ်နိုင်သည်။ဒီကြားထဲ ဇက်ကြောတွေကလည်း တက်သေးတယ်။မျက်မှန်လုပ်ရတော့မယ် ထင်တယ်။စက်ပိုင်ထွဋ်ရှိရင်လည်း ကောင်းသား..ဇက်ကြောတွေဆွဲခိုင်းလို့ရသေးတယ်။

ဒါမှမဟုတ်ဘဲ အသက်ပဲကြီးလာလို့ ခန္ဓာကိုယ်က ကဂျီကကြောင်ကျတာလားမသိပါဘူး။

............................

မြူတွေ၊တောတွေ အိပ်မက်မက်တာ မကောင်းဘူးသားရဲ့။တောဆိုတာက သရဲ၊သရဲဆိုတာ မကောင်းဆိုးဝါး။မကောင်းဆိုးဝါးတွေကို အိပ်မက်မက်တယ်ဆိုတော့ ကံနိမ့်နေလို့ နေမှာ။ဘုရားစာများများရွတ်ပေးနော် သား..။

ဒေါ် လေး သူ့ကို သူငယ်ငယ်က တစ်ခါပြောဖူးတဲ့ စကားတွေကို ပြန်အမှတ်ရလာ၏။အခုလည်း ဒီမှောင်မှောင်မည်းမည်းနဲ့ တိတ်ဆိတ်နေတဲ့ တောကြီးထဲမှာ ခြေဗလာနဲ့ မတ်တပ်ရပ်နေပြန်ပြီ။

" မိုးည "

နောက်ကျောဘက်ဆီကနေ ထွက်ပေါ် လာတဲ့ ခေါ် သံတစ်ခု...။

" နိုရာ.."

" ပျော်နေလား "

နိုရာက ရုတ်တရက်ပေါ် လာတဲ့ နွယ်ဒန်းလေးကို အထက်အောက် လွဲစီးနေကာ မေးလာသည်။မျက်နှာထားက အေးစက်စက်နှင့်မို့ မိုးည ဘာမှပြန်မဖြေဘဲ နိုရာ့ကို ကြောင်ငေးနေမိ၏။

မြတ်နိုးချစ်Where stories live. Discover now