Episode 30

2.1K 149 12
                                    

Unicode

ဦးညက ဆေးရုံခန်းထဲဝင်လာသည့် သူ့ကို မြင်တာနှင့် ကုတင်ပေါ် ကနေ အတင်းဆင်းလာတာမို့ လက်တွေဆန့်ဖြန့်ပြီး ကြိုလိုက်တော့ ကလေးငယ် တစ်ယောက်လို ရင်ခွင်ထဲ တိုးဝင်လာသည်။အဖြူအောက်ခံ အပြာစက်ကလေးတွေပါသည့် ဆေးရုံဝတ်စုံနှင့် အသွင်အပြင်က နွမ်းဖတ်ဖတ်ဖြစ်နေတာ မြင်ရုံနှင့် သိနိုင်သည်။

ကျောပြင်ကို အားကိုးတကြီးတင်းတင်းဖက်လာတာမို့ သူအလာကို ဘယ်လောက်တောင်များ စောင့်နေလဲမသိ။နှစ်ယောက်စလုံး နွေးနွေးထွေးထွေးခံစားမိသည်အထိ ပွေ့ဖက်ပြီးမှ မျက်နှာချင်းဆိုင်ကာ ဦးညမျက်နှာလေးကို အနီးကပ်ကြည့်ရသည်။လေးလေး ပြောသည့်အတိုင်း မျက်နှာတွေဖြူဆုတ်နေကာ၊မျက်ကွင်း အနည်းငယ်တောင် ညိုနေသေး၏။

" ကျစ်..ကြည့်စမ်းပါဦး။ ဘာလို့ မျက်နှာတွေ ဖြူဆုတ်ဆုတ်ဖြစ်နေရတာလဲ "

" မင်းကို လွမ်းလို့.. "

" လွမ်းရင် အချိန်မရွေးဖုန်းဆက်ခေါ် လို့ ကျွန်တော် မမှာထားဘူးလား "

" မင်းအခုက ငါ့ကိုလာစိတ်တိုနေတာလား "

စက်ပိုင်ထွဋ် ဆူအောင့်အောင့်လေသံနှင့် ပြောလိုက်တာကြောင့် မျက်ခုံးတွေတွန့်ကြုံ့ကာ မေးလာတာဖြစ်သည်။စိတ်ဆိုး၊စိတ်တိုချင်တယ်ဆိုတာထက် ပူပန်လွန်ပြီးတော့တောင် လေသံမာမာနှင့် သေချာမဆူနိုင်တော့။သူမျက်လုံးတွေထဲအထိ သေချာစိုက်ကြည့်ပြီး အကဲခတ်နေသည့် အခုပုံစံလေးက တကယ်အသည်းယားစရာ။

" ဟာဗျာ..စိတ်တိုနေတာမဟုတ်ပါဘူး။နေလည်းမကောင်းဘဲနဲ့ ဘာလို့ လူကိုရင်ခုန်အောင် လာလုပ်နေရတာလဲ.. "

ထိုင်နေရင်းကနေ မျက်စိရှေ့က နှစ်ယောက်ကိုကြည့်ပြီး ဦးမင်းငယ်အောင် သက်ပြင်းသာ ချမိသည်။တော်သေးတာပေါ့..အစ်မကို ထမင်းစားပြီး တစ်ရေးတမော ပြန်အိပ်ခိုင်းလိုက်လို့။နောက်မို့ဆို ဒီပုံတွေသာ အစ်မမြင်ရင် အစ်မလည်း သွေးတွေကောက်တိုးလာနိုင်သည်။အခုလည်း နှစ်ယောက်က သူရှိသေးတာကိုများ မေ့နေကြတာလား။

"တကယ်တော့  မနက်ငါးနာရီလောက်တည်းက ရောက်နေတာ။တစ်ညလုံး ကားစီးလာပြီး မိုးလင်းကျတော့ မျက်လုံးတွေစပ်ပြီး အိပ်ပျော်သွားလို့။ကျွန်တော့်သူငယ်ချင်းတွေဆို အခုချိန်ထိ အိပ်နေကြတုန်း "

မြတ်နိုးချစ်Where stories live. Discover now