Episode 19

1.8K 150 3
                                    

Unicode

" သောက်ပါဦးလား အစ်ကိုကြီး "

ရှင်းသန့်ဇော်က ဘေးခုံအလွတ်မှာ ဝင်ထိုင်ရင်းက ice coffee ဘူးကို ကမ်းပေးလာတာမို့ လှမ်းယူလိုက်သည်။

" ကျေးဇူးပဲ "

ကော်ဖီအေးဘူးကို ဖောက်ခနဲမည်အောင်ဖောက်ပြီး တစ်ငုံစာ မော့သောက်လိုက်သည်။ညကောင်းကင်မှာ လခြမ်းကွေးက ကြယ်မှုန်မွှားလေးတွေခြံရံလျက် အေးချမ်းစွာ ထွန်းလင်းလျက်ရှိ၏။

သူအဝေးပို့သမားတွေ ထွက်စောင့်ရသည့် အလှည့်ကျတဲ့ ညတွေဆိုရင်တော့ ရှင်းသန့်ဇော်က သူနဲ့အတူ တံစပ်မြိတ်အောက်မှာ အတူလာထိုင်စောင့်လေ့ရှိသည်။မသူဇာ အလှည့်ကျရင်တော့ အပြင်ထွက်တာမတွေ့ရ။

" ဒီလကုန်တာနဲ့ ကျွန်တော် အလုပ်ထွက်တော့မယ် အစ်ကိုကြီး "

" ဟမ် "

ရှင်းသန့်ဇော်၏ စကားကြောင့် ကော်ဖီဘူးကို လှုပ်ရမ်းနေသော လက်တို့ ရပ်တန့်သွားကာ ရှင်းသန့်ဇော်ကို သေချာစိုက်ကြည့်မိသည်။

" နောက်လဆို အဝေးသင် ပြန်စပြီလေ "

" စက်ရုံက ခွင့်ပေးထားတယ်လေ။တခြားကိစ္စရှိလို့လား "

" ဟုတ်တယ်။ကျွန်တော် ကျောင်းနှစ်လတက်ပြီးတာနဲ့ ကိုချမ်းပါ ထွက်မှာ။နောက်နှစ်လလောက်ထိ ကိုချမ်းကတော့ ဒီမှာရှိနေမှာ။အဲ့ဒါပြီးတာနဲ့ ကျွန်တော်တို့ နယ်ကိုပြောင်းတော့မှာ "

ရှင်းသန့်ဇော်ရဲ့ စကားသံတွေထဲမှာ ကျေနပ်မှုတွေ ပါဝင်နေမှန်း သိသာ၏။လခြမ်းကွေးလေးကိုမော့ကြည့်ပြီး ပြုံးစစနှင့် ပြောနေတာကြောင့်ဖြစ်သည်။

နေပါဦး...ဒီလကုန်ဆိုတော့..မနက်ဖြန်ဆိုရင်ပဲ လကုန်ပြီလေ။

"မင်းတို့နှစ်ယောက်တည်းလား..."

စကားကို ခဏရပ်ထားပြီးမှ သုံးစက္ကန့်လောက် မေးသင့်မမေးသင့် စဥ်းစားပြီးမှ ထုတ်မေးလိုက်သည်။

" ကျွန်တော်တို့ဆိုတော့လေ..မင်းတို့ နှစ်ယောက်တည်းလား "

မေးပြီးမှအားနာရကာ စက်ပိုင်ထွဋ် ကောင်းကင်ကိုသာ မော့ကြည့်နေလိုက်၏။ရှင်းသန့်ဇော်က သူ့ကိုငဲ့ကြည့်ပြီး ခပ်ဟဟရယ်ကာ ပြောလာသည်။

မြတ်နိုးချစ်Where stories live. Discover now