Episode 4

2.6K 223 11
                                    

Unicode

စက်ရုံဝန်းထဲက သရက်ပင်အောက်မှာ ခြင်းခတ်နေသည့် အုပ်စုကြောင့် မိုးည နာရီကို ပြန်ငုံ့ကြည့်မိသည်။
မဟုတ်သေးပါဘူး။ဒီကောင်တွေ အော်ဒါ (order) ပို့ရမဲ့ ခရီးက ဒီလောက်မှ မနီးတာ။

" အောင်အောင်..ဟေ့..အောင်အောင် မင်းတို့အုပ်စု  order သွားပို့ပြီးပြီလား "

မိုးည ကားပေါ်မှပင် လှမ်းမေးလိုက်တော့ အောင်အောင်တို့အုပ်စုက ခြင်းခတ်ရပ်ကာ တစ်ယောက်မျက်နှာ တစ်ယောက် ပြန်ကြည့်နေကြသည်။

" ကိုမိုး ကျွန်တော်တို့ ဒီညနေ ဘာမှမရှိဘူးလေ "

အောင်အောင့်ဆီက အဖြေစကားကြောင့် မိုးညမျက်မှောင်ကြုံ့မိသွား၏။ ဒီညနေ order တစ်ခုရှိတာ သူဇာလှိုင် ဘာတွေလုပ်နေတာလဲ။ဒီလိုတွေဖြစ်မှာစိုးလို့ စိတ်မချလို့ကို အတန်တန်မှာခဲ့တာ ဘာတွေဖြစ်ကုန်ပြန်ပြီလဲ။

မိုးည အပေါ် ထပ် ကိုယ့်ရုံးခန်းထဲဆီ ခြေလှမ်းကြဲကြဲတို့ဖြင့် အဆောတလျင် တက်လာမိသည်။

ရုံးခန်းတံခါးကို ဆွဲဖွင့်ကြည့်လိုက်တော့ သူဇာလှိုင်ကော ၊ ကိုငယ့်တူကော တစ်ယောက်မှ မရှိ ။Hall ခန်းဘက်ဆီ လျှောက်လာပြီး Hall ခန်း တံခါးကို ဆွဲဖွင့်လိုက်တော့မှ  နှစ်ယောက်သားက စာရွက်တွေနှင့် အလုပ်ရှုပ်နေကြသည်။ သူရောက်နေတာကိုတောင် သတိထားမိပုံမရကြ။

ဒေါသကြောင့် တံခါးပိတ်သံကအစ အနည်းငယ် ကျယ်သွားကာမှ  သူဇာလှိုင်က နောက်လှည့်ကြည့်လာသည်။  မိုးညကို မြင်တော့မှ အထိတ်တလန့်နှင့် မတ်တပ်ထရပ်၏။

" order ကိစ္စက ဘယ်လိုဖြစ်ရတာလဲ သူဇာလှိုင်။
ဟို အဝေးပို့ အုပ်စုက ဒီညနေရှင်းတယ် ဆိုပြီး ငါ့ကို ပြောလိုက်တယ်။ငါသေချာ မမှာခဲ့ဘူးလား "

မိုးည စားပွဲခုံစွန်းမှာ မတ်တပ်ရပ်လက်စနှင့် ခပ်ဆတ်ဆတ်မေးလိုက်တော့ သူဇာလှိုင်က တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေလာသည်။

" ဟို..မှာခဲ့ပါတယ် ကိုမိုး။ အော် အော်ဒါ ကလေ တစ်ဖက်က cancel သွားလို့ပါ "

" ဘာကိစ္စ order က cancel သွားရတာလဲ "

" ဖုန်းစုတ်နေလို့လေ "

မြတ်နိုးချစ်Where stories live. Discover now