Episode 35

1.8K 135 3
                                    

Unicode

" ငါ.. ငါ ဘယ်ကစပြောရမှန်းလည်း မသိတော့ဘူး။ငါလေ နိုရာ့ကို မုန်းပေမဲ့ ဒီလိုပုံစံမျိုးနဲ့တော့ သေခိုင်းချင်စိတ်..မဟုတ်ဘူး သေစေချင်စိတ် လုံးဝမရှိခဲ့ပါဘူး.. "

" ဘာ..နင်အခု ဘာပြောတယ် နေခြည်ထွေး "

မိုးည အံ့အားသင့်စွာ မေးလိုက်သော မေးခွန်းကို ပြန်မဖြေဘဲ နေခြည်ထွေးက ရှိုက်သံတကြီးနှင့် ခေါင်းငုံ့ငိုနေတော့သည်။အဆက်မပြတ်ရှိုက်သံတွေ ထွက်သည်အထိ ငိုနေသော နေခြည်ထွေးကို မိုးည နှစ်သိမ့်ပေးစေချင်စိတ်လည်း မရှိ။

နေခြည်ထွေးက နိုရာ့ကို မုန်းတယ်တဲ့လား။

" ငါ့ရဲ့ဆန္ဒက နိုရာ့ကိုမှေးမှိန်သွားစေချင်တာ။ညှိုးငယ်သွားစေချင်တာ။ငါ နိုရာထက် အစစအရာရာသာချင်ခဲ့တယ် မိုးည။ငါ ဘယ်တုန်းကမှ နိုရာနဲ့ အပေါင်းအသင်းမလုပ်ချင်ခဲ့ဘူး။

နိုရာနဲ့ မပေါင်းချင်ဘဲ အတင်းလိုက်ပေါင်းနေရတဲ့ ငါ့ကိုယ်ငါရော..နိုရာနဲ့ မပေါင်းရင် ရိုက်မယ်ဆိုတဲ့ မာမီ့ကိုရော ငါမုန်းတယ်။လူလာဖြစ်ရတာချင်းအတူတူတောင် ဘာလို့ ငါက ငါ့ပုံစံနဲ့ နေခွင့်မရှိရတာလဲ။

တကယ်လို့ နိုရာနဲ့ငါမပတ်သက်ရင်လည်း ငါတို့စီးပွားပျက်သွားမှာမှမဟုတ်တာ။မာမီတို့ကိုက နိုရာတို့မိသားစုနဲ့ ပတ်သက်နေရရင်ကို ဂုဏ်တစ်ခုလိုမြင်နေတာ။
ငါ့အိမ်ကိုလည်း ငါနားလည်ဖို့ ကြိုးစားကြည့်ဖူးပေမဲ့ ဘယ်တုန်းကမှမရခဲ့ဘူး "

နေခြည်ထွေးဟာ သူနဲ့မေမေ့ကို ငယ်ပေါင်းကြီးဖော်တွေလို သဘောထားပြီး အကျအန ရင်လာဖွင့်နေတာပင်။နာနာကြည်းကြည်းနဲ့ ဒီလိုစကားတွေ ထွက်ကျလာတဲ့အထိဆို နေခြည်ထွေးရဲ့ နိုရာ့အပေါ် ထားတဲ့ မုန်းတီးမှုတွေက ဘယ်တုန်းကများ သူ့ရင်ထဲမှာ နေရာယူနေနှင့်တာလဲ။မိုးည လက်လှမ်းမီသလောက် လိုက်စဥ်းစားကြည့်သည်။မနှစ်ကမှလား..တစ်နှစ်ကများလား..ဒါမှမဟုတ် စတွေ့တဲ့နေ့ကတည်းက နိုရာ့ကို မုန်းနေခဲ့တာလား။နေခြည်ထွေး အနေအထိုင်ကတော့ တကယ်ပိရိလွန်းခဲ့သည်။

" အဲ့ဒီတော့ နိုရာ့ကို မသေစေချင်ဘူးဆိုတာ ဘာလဲ နေခြည်ထွေး။ဘာကို ပြောချင်တာလဲ "

မြတ်နိုးချစ်Where stories live. Discover now