Episode 12

2K 164 0
                                    

Unicode

သူ့အသက် ၁၁ နှစ်အရွယ်မှာ မျက်စောင်းထိုးအိမ်ဆီသို့ ရှင်းသန့်တို့ မိသားစုလိုက်ပြောင်းလာကြသည်။ပြောင်းလာကာစကဆို သန့်က ငါးနှစ်သားလေးပဲ ရှိသေးတာ။ဖေဖေကလည်း ကုန်ကားတွေမောင်းပြီး၊သန့်ဖေဖေကလည်း ကုန်ကားမောင်းသူပဲမို့ အလုပ်မှာ ရင်းနှီးလက်စကရှိခဲ့သည်။နောက်ပြီး သန့်မေမေက အနေအထိုင် သိမ်မွေ့ ပြီး ဆက်ဆံရေး ပြေပြစ်တာကြောင့် မေမေအပါအဝင် အိမ်အနီးအနား ပတ်ဝန်းကျင်နှင့် ခဏလေးဖြင့် ရင်းနှီးသွားသည်။

သန့်မေမေကလည်း ဖြူဖြူပုပုလေးဖြစ်သည်။ အခု သန့်ကလည်း တက္ကသိုလ် ကျောင်းသားကြီး ဖြစ်လာတာတောင် ဖြူဖြူလုံးလုံးလေး အတိုင်းမို့ သူ့အမေဘက် လိုက်သွားတာထင်သည်။

မနက်မိုးလင်းတာနဲ့ ဘုရားစာကို တစ်လမ်းလုံးကြားအောင် အသံသေးသေးစာစာလေးနဲ့ နေ့တိုင်းမပျက်မကွက် အော်ဆိုတတ်သည့် သန့်သေးသေးလေးကလူချစ်လူခင်ပေါသလို ဉာဏ်လည်း ကောင်းသည်။တီတီတာတာလည်း လုပ်တတ်တာကြောင့် အိမ်နီးနားချင်းအကုန် သန့်ကိုဝိုင်းချစ်ကြသည်။သို့ပေမဲ့.....
အဲ့ဒီ အကုန်ဝိုင်းချစ်တဲ့အထဲ ငြိမ်းချမ်းအောင်တော့ မပါခဲ့။

နေမြင့်သည်အထိ အိပ်တတ်ကာ နောက်ကျမှထပြီး အအိပ်မက်သည့်သူ့ကို မေမေက သန့်တို့ စရောက်လာတည်းက သန့်နဲ့နှိုင်းပြီး ကလေးလောက်တောင် မလိမ်မာဘူး အစချီကာ နေ့တိုင်းနီးပါး အမြဲအဆူခံခဲ့ရတာကြောင့် လုံးဝ မကျေနပ်ခဲ့။သူ့မုန့်ပုံးထဲက မုန့်တွေပါနှိုက်ပြီးသန့်ကို ကျွေးတော့ ပိုဆိုးသည်။

မကြည်ဖြူပါဘူး ဆိုသည့် ကိုယ့်ကိုမှ အလိုက်မသိစွာ အတင်းလာကပ်တွယ်သော ဒီကလေးက တော်တော်ဆိုးသည်။မခေါ်ချင်လို့လည်းမရ ကိုချမ်း၊ကိုချမ်းနဲ့ အကျီ်စဆွဲကာ အရေးမလုပ်မချင်း ဘေးကနေ တကြော်ကြော် အော်ခေါ်နေတတ်သည်။

သူ့မုန့်ပုံးထဲကမုန့်တွေ ယူစားရတာ အားမရလို့ ချောလက်၊ချောလက်ဆိုပြီး လူကိုမြင်တာနဲ့ မုန့်ဆိုင်ကို အတင်းလက်ညှိုး ထိုးပြီးပူ​ဆာသည်။သူ့အမေက ဝယ်ကျွေးမယ်ဆိုရင်တောင်မရ။ကိုချမ်းဝယ်ကျွေးတဲ့ ချောလက်ပဲ စားမည်တဲ့။ငယ်ငယ်​လေးတည်းက အခုအချိန်ထိ ကပ်ချွဲနေတုန်း။

မြတ်နိုးချစ်Where stories live. Discover now