Part - 1

4.8K 148 4
                                    

"အစားထိုး ကြည့်လိုက်ပါ
ပြီးရင် ပြန်ထားခဲ့လိုက်ပါ။
မင်း ချစ်ကြည့်လို့မှ အဆင်မပြေတာပဲ။" posted .

'ဟျောင့်...... ဟျောင့် ရိပေါ် ဒီမှာကြည့် မင်းရဲ့ Love Hunter ပိုစ့်တစ်ခု ထပ်တင်လိုက်ပြန်ပြီ။'

ယွီပင်း ဖုန်းပြချင်တာနဲ့ အခန်းရဲ့ရာသီဥတုကို သတိမထားမိဘူး။ ဒီလောက် 0•c အောက်ရောက်နေတာကို သကောင့်သားက love hunter ရဲ့ တော်ကီအောက်မှာမျှောလို့ ကောင်းတုန်း။

ယွီပင်း သူ အေးစက်စက် ခံစားရမှ ရိပေါ် သူ့ကို ရှူတည်တည်နဲ့ စိုက်ကြည့်နေမှန်း သိသွားတယ်။

ရိပေါ် သူ့ဖုန်းကို ထောင်ပြရင်း love hunter acc ဘေးနားက အပြာရောင် ကြယ်လေးကို ထိုးပြတယ်။ သဘောက see first လုပ်ထားတယ်၊ သူ ဘာတင်တင် ငါ အရင်ဆုံးမြင်ရတယ်၊ လျှာလာမရှည်နဲ့ ဆိုတဲ့သဘာ။

'ဪ..... အေးပါကွာ မင်း အဲ့လောက်ဖြစ်နေမှန်း ငါမှ မသိတာ၊ မင်းလို အေးစက်စက်နဲ့ ရည်းစားဆို ထားရကောင်းမှန်း မသိတဲ့ကောင်က ကြိုက်မယ့် ကြိုက်တော့လည်း ခုလို play boy ပုံစံနဲ့လူကိုဆိုတော့ ငါလည်း အံ့ဩသွားတာပေါ့။'

'ဘာမှ အံ့ဩစရာ မရှိဘူး။ လူတစ်ယောက်မှာ သူ့ရဲ့ခံစားချက်ကို ထုတ်ပြခွင့် ရှိတာပဲ။ Feel post တင်နေတာနဲ့ပဲ ရည်းစားများတယ်၊ အသဲကွဲတယ် ဖြစ်သွားရောလား။'

တကယ်တော့ ရိပေါ် ပိုစ့်ကို မြင်လိုက်ကတည်းက ဘယ်ဘက်ရင်အုံမှာ ဆစ်ခနဲ ဖြစ်သွားပါတယ်။ ဒါက Love Hunter ရဲ့ပိုစ့်တစ်ခုတက်တိုင်း ခံစားရတဲ့ ခံစားချက်ပါ။ သူလည်း နားမလည်ဘူး ရုပ်လည်း မမြင်ဖူးပဲနဲ့ အဲ့လူတင်လိုက်တဲ့ ခံစားချက်တိုင်းကို သူ နားလည်ပေးလို့ ရတယ်ဆိုတာ။

တစ်ချို့လူတွေက ရည်းစား တစ်ယောက်ပြီး တစ်ယောက် ထားတယ်ဆိုတာ ကိုယ်နဲ့တွဲလာတာ ကြာလာပေမယ့် သဘောထားချင်း မတိုက်ဆိုင်တော့တာမျိုး၊ ဘယ်လိုမှ ရှေ့ဆက်လက်တွဲလို့ မဖြစ်တော့တာမျိုးကြောင့် လမ်းခွဲကြတယ်။

ပြီးရင် ပုထုဇဉ် ဆိုတဲ့အတိုင်း ကိုယ်နဲ့ထပ်ကိုက်ညီမှာလား ဆိုတဲ့အတွေးနဲ့ နောက်ထပ် နောက်ထပ်တွေမှာ ထပ်ထားကြည့်ရင်း ရည်းစားများသွားပါတယ်။

Is it call love? ( Completed)Where stories live. Discover now