Part - 9

957 65 21
                                    

ဝမ် အိမ်တွင် .......
' မား ဒီနေ့ သားတို့ လမ်းထဲ လူသစ်ပြောင်းလာတာလား'

' ဟုတ်မယ် ထင်တယ်။ ခုန မားခြံထဲ ရှိနေတုန်း အိမ်ပြောင်းရွှေ့တဲ့ company တံဆိပ်နဲ့ကားတစ်စီး လမ်းထဲဝင်လာတာ တွေ့လိုက်တယ်။ အဲ့ဒါပဲနေမှာ။ဘယ်အိမ်ကို ပြောင်းလာတာတဲ့လဲ သား'

' သားတို့ မျက်နှာချင်းဆိုင်အိမ်ရဲ့ ဘေးအိမ်က ခြံထဲမှာ ပစ္စည်းတွေ ချထားတာ တွေ့လိုက်လို့။ အဲ့အိမ်ကအဖွားက သူ့သားဆီ ပြောင်းသွားကတည်းက ပိတ်ထားတော့ သားလည်း သတိထားမိတာ။'

' ဪ..... မု အဖွား ပြန်လာတာများလား။ အဲ့တုန်းကလည်း သူ့ခဗျာ မပြောင်းချင်ပဲ တစ်ယောက်တည်း ဖြစ်နေတော့ သူ့သားက အတင်းခေါ်လို့ သူ့သားဆီ လိုက်နေမယ်ဆိုပြီး လိုက်သွားတာ။'

' အဲ့အဖွား ပြန်လာတာပဲ နေမှာပါ ။ ခြံရောင်းမယ်လို့လဲ ကြားမှမကြားမိတာ။ တစ်ခြားလူသစ်တော့ မဟုတ်လောက်ပါဘူး။ မု အဖွားသာဆို သားတို့ဆီ အကြောင်းကြားလောက်မှာပါ။ ပါးနဲ့မားတို့နဲ့ ဒီလောက်ရင်းနှီးကြတာကို။'

' အင်း မားလည်း အဖွားမု သာဆို ဝမ်းသာပါတယ်။ ဒီလမ်းထဲ ပြောင်းလာကြကတည်းက အဖွား မု နဲ့သာ သိတာလေ။ နောက်ရက်မှ မား သွားလည် လိုက်မယ်။'

' ဒါနဲ့ သားငယ် ပြန်မလာသေးဘူးလား မနက်ကတည်းက ထွက်သွားတာ တနေကုန်ကို ပျောက်သွားတော့တာပဲ။'

' မားရဲ့ သား ဒီည မိုးချုပ်မှာ သေချာတယ်။ မား သူ့ကို လက်ခံပေးတော့ သူ့သူငယ်ချင်းတွေကို ကြွားရအုံးမှာလေ။'

' ဒီကလေး .... အဲ့လောက်ထိတောင် ဟိုကောင်လေးကို သဘောကျရလား။ မားဖြင့် ဘယ်သူမှန်းတောင် မသိတဲ့လူကို သားငယ် အဲ့လောက်ထိ အစွဲမထားလောက်ဘူး ထင်ထားတာ။'

' ဒီတခေါက် မားရဲ့သား တကယ် heart ထိသွားတာ နေမှာပါ။ ရုပ်တောင် မမြင်ဖူးတဲ့လူကို။ သူ သားကို လာရင်ဖွင့်ပြတုန်းကလည်း သားလည်း မားလိုပဲ ခနတာ စိတ်ကစားပြီး မကြာခင် မေ့သွားမယ် ထင်ခဲ့တာ။'

' အင်း မား အချိန်ဆွဲထားတဲ့ ၃ လအတွင်းမှာ အကြောင်းတခုခုကြောင့် စိတ်ပျက်သွားပါစေပဲ ဆုတောင်းရတော့မှာပေါ့။ ကန့်ကွက်ရအောင် ကောင်လေးအကြောင်းလည်း သေချာမသိ ပြီးတော့ သားငယ်ကို မားပြောတာတွေကြောင့်နဲ့ စိတ်မချမ်းမသာ မဖြစ်စေချင်ဘူး။ သဘာဝ မကျမှန်း သိပေမယ့် မားရဲ့ ကလေး ဖြစ်နေလို့ ခြွင်းချက်အနေနဲ့ လက်ခံပေးလိုက်တာ။'

Is it call love? ( Completed)Where stories live. Discover now