Part - 21

745 56 0
                                    

ဘာလိုလိုနဲ့ ရှောင်းကျန့် အလုပ်ဝင်တာတောင် တစ်လပြည့်တော့မယ်။ နောက်တစ်ပတ်ပဲ ဆိုရင် ယန်လီကျဲနဲ့ MD ဝမ်ဟိုက်ခွမ်းရဲ့ မင်္ဂလာပွဲ။

ရှောင်းကျန့် Sunday ပိတ်ရက်ကို နောက်ကျမှ ထမယ်ဆိုပြီး အတိုးချ အိပ်နေလိုက်တယ်။ ခုမှ ၉ နာရီပဲ ရှိသေးတယ်။ မထဘူး။ မနက်စာ နေ့လည်စာ ပေါင်းစားတော့ ချွေတာရာ ရောက်တာပေါ့။

၉ နာရီ ရှိသေးတယ်ဆိုပြီး ပြန်အိပ်လိုက်တဲ့ ရှောင်းကျန့် နိုးလာတော့ ၁၁ နာရီ။ ဒါတောင် ဘေးအခန်းက အသံပလံတွေကြောင့်။ ဖုန်းကို ယူကြည့်လိုက်တော့ miss call တွေ တန်းစီနေတယ်။ ရှောင်းကျန့် သူ့ကိုယ်သူတောင် လုပ်ငန်းရှင်နဲ့ မှားသွားတယ်။ ဘာကိစ္စတွေကြောင့် သူ့ဆီ ဖုန်းဆက်တဲ့လူ ဒီလောက်တောင် ရှိနေတာလဲ။ တော်သေးတယ် ဖုန်း silent လုပ်ထားလို့။

Miss call များစွာထဲမှ လန်ဟွားရဲ့ ဖုန်းကို အရင်ပြန်ဆက်လိုက်တယ်။ Sunday ကို ဘယ်သွားဖို့ ခေါ်အုံးမှာလဲ မသိဘူး။ အရင်အပတ်တွေတုန်းကလဲ အဝတ်အစားချုပ်ဖို့ဆိုပြီး လိုက်ပို့ပြီးပြီ။ ခုလည်း ဘာလုပ်အုံးမလဲ မသိဘူး။ မသိရင် သူ့မင်္ဂလာဆောင် ကျလို့။ မိန်းကလေးတွေ သိပ်အလုပ်ရှုပ်တယ်။

ရှောင်းကျန့် ဖုန်း ဝင်သွားလို့ ဟလို တောင် မထူးရသေးဘူး လန်ဟွားရဲ့ ကရားရေလွှတ်သလို အရင်အသံထွက်လာတယ်။

' ရှောင်းကျန့် မသာ ဘယ်ချိန်ထိ သေနေလို့ ခုမှ ဖုန်းဆက်လာတာလဲ။ ငါ မနက်ကတည်းက ခေါ်နေတာ။ နင်က ဘာတွေများ အလုပ်များနေလို့ ဖုန်းတောင် silent လုပ်ပြီး အိပ်ရတဲ့ထိလဲ။ အခုကော အိပ်ယာထဲက ဆက်လာတာမှ ဟုတ်ရဲ့လား။'

'လန်ဟွားမ ရယ်။ တစ်ရက်တစ်လေ ငါ့ကို ပေးနားပါအုံးလား။ နှစ်ပတ်ရှိနေပြီ Sat Sun အစား တစ်ရက်နားရင် တစ်ရက် ဆင်းနေရတာ။ ငါ့မျက်လုံးလည်း ပေါက်ထွက်တော့မလား ထင်နေရတယ်။'

'အဲ့ဒါ ငါ သိပါတယ်။ အဲ့လောက်နဲ့ နင် ဖုန်း အသံပိတ် အိပ်စရာလား။'

'ငါ့ဘာသာ ဖုန်းပိတ် အိပ်ချင် အိပ်မှာပေါ့။ နင့်ကို သံတော်ဦး တင်နေရအုံးမှာလား။ အခုက ဘာကိစ္စလဲ အရေးမကြီးရင် လာမခေါ်နဲ့ ထမင်းစားပြီး ထပ်အိပ်အုံးမှာ။'

Is it call love? ( Completed)Où les histoires vivent. Découvrez maintenant