Part - 26

761 53 3
                                    

ရှောင်းကျန့် ရိပေါ်ရဲ့ နေခဲ့ဆိုတဲ့ စကားကြောင့် ဆက်ထိုင်နေရပြီး ခေါင်းကြီး ငုံ့ထားလိုက်တယ်။ မနေ့ညအကြောင်းသာ သူ မှတ်မိရင် ဘယ်လိုလုပ်ရမလဲ။ အားးး ငါ ရှက်လာပြီနော်။

ရိပေါ် သူ့အရှေ့က ပေါင်ပေါ် လက်နှစ်ဖက် ဆုပ်ချေနေပြီး ခေါင်းကြီး ငုံ့ထားနေတဲ့ ရှောင်းကျန့်ကြောင့် အသည်းယားတွေ ယားလာတယ်။ တရားဝင် ချစ်သူတွေ ဖြစ်သွားရင်တော့ ယုန်ပေါက် မရှက် ရှက်အောင် စပြီး နီရဲလာတဲ့ နားရွက်လေးကို တတိတိ ကိုက်ကြည့်ဖို့ တေးထားလိုက်တယ်။

အခန်းထဲက လေအလုံလောက် ရှိနေတာတောင် ရှောင်းကျန့် အသက်ရှူမဝသလို ခံစားလာတယ်။ ဘာလဲဟ လူကို ခေါ်ထားပြီး ဘာမှမပြောတော့ပဲ ထိုင်ကြည့်နေတော့မှာလား။

'ဟို.... CEO ဘာများ ထပ်မှာချင်တာ ရှိလို့လဲ မသိဘူး။ အကယ်၍ မရှိရင် ကျနော့်ကို ခွင့်ပြုပါအုံး။'

ရှောင်းကျန့် ပြောပြီး ထရပ်လိုက်တော့ သူ့အရှေ့ကို ချက်ချင်းရောက်တဲ့ CEO ကြောင့် ဆိုဖာပေါ် ဖင်ထိုင်ပြန်ကျသွားရတယ်။

'နေပါအုံး ဘယ်လိုဖြစ်တာလဲ။ ခါတိုင်းလည်း ကျနော်တို့ စုပေါင်း meeting ပြီးရင် အလုပ်ကိစ္စ ဆက်ပြောကြတာပဲမလား။'

ရှောင်းကျန့် ပြောလည်း ပြော သူ့နားကို တဖြေးဖြေးတိုးလာတဲ့ CEO ကြောင့် ဆိုဖာအနောက်ကို လူတစ်ကိုယ်လုံး လှန်ကျတော့မှာမို့ မျက်နှာစပ်ဖြီးဖြီးနဲ့ CEO ကို တွန်းထုတ်လိုက်တယ်။ ဒီကောင်လေး လူကို တမင် စ နေတာ။

ရှောင်းကျန့် အမြန် ထ ရပ်လိုက်တယ်။ မဟုတ်ရင် CEOရဲ့ ဂွင်ထဲ ဝင်သွားတော့မှာ။

'ဟုတ်ကဲ့။ ဘာပြောချင်သေးလို့ပါလဲ။ ခုနက confirm လို့ ပြောလိုက်ပြီ မဟုတ်လား။'

'အဲ့ဒါက ဟုတ်တယ်လေ။ အဲ့ဒီဇိုင်းက ကိစ္စ ပြတ်ပြီ။ အခု ကျနော် ပြောမှာက ကျနော်နဲ့ ကျနော့်ယုန်ပေါက် လက်ထပ်ရင် နေဖို့ အိမ် ဒီဇိုင်းဆွဲခိုင်းမလို့။'

ဘာလဲ CEO ကြီးက လူနဲ့ မဟုတ်ပဲ...... ရှောင်းကျန့် အံ့ဩပြီး မယုံနိုင်တဲ့ မျက်နှာနဲ့ ပါးစပ်ပါ အဟောင်းသား ဖြစ်သွားတယ်။

Is it call love? ( Completed)Tempat cerita menjadi hidup. Temukan sekarang