Part - 42

581 37 2
                                    

ဒီနေ့ ချစ်သူများနေ့ ..... တစ်နည်းဆို ဝမ်ဟောက်ရွှမ်းနဲ့ စုန့်ကျိရန် တစ်ယောက်နဲ့ တစ်ယောက် တရားဝင် ပိုင်ဆိုင်ကျမယ့်နေ့။

'ရိပေါ် နင် သူများ လက်မှတ်ထိုးပွဲမှာ အသိသက်သေနေရာ သွားလုပ်ပေးမှာနော် သတို့သား သွားလုပ်ရမှာ မဟုတ်ဘူး။' ရှောင်းကျန့် မနက်အစောကြီး ထ ပြီး ပြင်ဆင်နေတာ ခုထိ မပြီးသေးတဲ့ သူ့ယောကျာ်း ဝမ်ရိပေါ်ကို တကယ် ကြည့်မရတော့ပါ။ သူ့ကိုယ်သူ လူပျိုလို့ပဲ ထင်နေလား မသိဘူး။

'အာ.... ကျန့်ကောကလည်း ကျနော် ရိုးရိုးပဲ ဝတ်ထားတာပါ။ သူ့ဘာသာ ဘလင်း ဘလင်းဖြစ်နေရင်တော့ မတတ်နိုင်ဘူး။ မား ချောချောလေး မွေးထားပေးတာပဲ ကျေးဇူးတင်ရမှာပေါ့။ ဟီး...'

'အေး အေး သိပ်ပျော်နေတာလား ဘာလဲ အဲ့မှာ နင်တို့ ဇယားတွေပါ ခေါ်ထားလို့လား။'

ရိပေါ် ရှောင်းကျန့် စကားကြောင့် ဆံပင် သ နေရင်း လှည့်ကြည့်လိုက်တယ်။

'ကျန့်ကော ဘယ်လိုပြောလိုက်တာ....'

ရှောင်းကျန့် သူ့ဘက်လှည့်လာတဲ့ ရိပေါ်ရဲ့ မျက်နှာကို မြင်လိုက်မှ သူ စကားမှားသွားပြီဆိုတာ သိလိုက်တယ်။

'ဟို... ဟို...'

'ကျန့်ကော ကျနော့်ကို တကယ်ချစ်တာရော ဟုတ်ရဲ့လား ဒီတိုင်း သနားလို့ လက်ခံပေးလိုက်တာလား။ အဲ့ဒါကြောင့် ကျနော်နဲ့ ထဲထဲဝင်ဝင် မပတ်သက်ချင်ခဲ့တာလား။အရင်က ကျနော့်မှာ ဇယားတွေ ရှိတယ် ပြောတုန်းက ကျနော် ပြန်ဖြေရှင်းတာကို ယုံပေးလိုက်ပြီ ထင်ထားတာ။ ကျန့်ကောက ဘယ်တုန်းကမှ မယုံခဲ့ဘူးပဲ။ ကျနော့်ဘက်ကပဲ အတင်းလိုက်ကပ်ခဲ့လို့ ကျန့်ကော စိတ်ပျက်ခဲ့မှာပဲ။' ရိပေါ် ရှောင်းကျန့်ကို သိပ်ချစ်တာပါ ဒါပေမယ့် ရှောင်းကျန့်ကတော့ သူ့ကို တကယ်မချစ်တဲ့ပုံပါပဲ အခုတော့ သူ့ကိုယ်ကျင့်တရားကိုပါ ပြဿနာ ရှာလာပြီ။

'မဟုတ်..... အဲ့လို မဟုတ်.... ပါဘူး'

ပြောချင်တာ ပြောပြီး အခန်းထဲက ထွက်သွားတဲ့ ရိပေါ်က ရှောင်းကျန့်ရဲ့စကားကိုလည်း ဆုံးအောင် ထားမထောင်သွားခဲ့ပါ။ ရှောင်းကျန့် ဖြစ်သလို ပြန်ဆွဲချွတ်ထားတဲ့ ရိပေါ်ရဲ့ အပေါ်ဝတ် အင်္ကျီကို ကိုင်ရင်း တိတ်တိတ်လေးပဲ ငိုကြွေးလိုက်တယ်။

Is it call love? ( Completed)Où les histoires vivent. Découvrez maintenant