Part - 36

677 40 0
                                    

လူ ၃ ယောက် ပါတဲ့ ကားလေးဟာ တိတ်ဆိတ်ခြင်းတွေနဲ့ပဲ XZ'S Farm ကို ရောက်လာပါတော့တယ်။ ထုံးစံတိုင်း သစ်သားဆိုင်းဘုတ်လေးမှာတော့ ယုန်ပုံ တံဆိပ်ခတ်ထားသည်ပေါ့။ ရှောင်းကျန့်က အလုပ်သာ မလုပ်ကူတာ အကုန်လုံး သူ့ပိုင်ဆိုင်မှုကြီးပဲ။

'ကဲ ..... ရောက်ပြီ။'

ရှောင်းကျန့် ရောက်ပြီပြောတော့ ကျိရန်က ကားတံခါးဖွင့်ပြီး ဆင်းဖို့ ကြံတယ်။

'အဲ.... ကျိရန် အထဲထိ လမ်းလျှောက် ဝင်မလို့လား။ အကိုပြောတာ ခြံ တော့ ရောက်ပြီလို့ အထဲထိ ကားနဲ့ နည်းနည်း ထပ်မောင်း ဝင်ရအုံးမှာ။'

'အဟွန်း .... မသိဘူးလေ ရောက်ပြီဆိုတော့ ဆင်းခိုင်းတယ် ထင်လို့။ပြီးတော့ ကျနော်က ခြံ ထဲ မဝင်ခင် ပုံရိုက်မလား လို့ပါ။' ကျိရန် ရှက်ရှက်နဲ့ ပြောင်လိမ်လိုက်တယ်။

'ခြံရှေ့မှာက ပုံတွေ ဘာတွေ ရိုက်လို့ သိပ်မကောင်းသေးဘူး။ ခနနေ ခြံထဲ ရောက်မှ ရိုက်။ အကို ရိုက်ပေးမယ်။ အကို အရင်က အပျော်တမ်း photographer လုပ်သေးတယ်လေ။'

'ဟုတ်လား။ အကိုက တော်တာပေါ့။ မတတ်တာ မရှိဘူး။ ကျနော်ဆို ဆိုင် တစ်ခု ဖွင့်ထားတာလေးပဲ ရှိတာ။ တစ်ခြား ဘာမှလည်း မလုပ်တတ်ဘူး။'

'အာ..... မြှောက်နေပြန်ပြီ။ အကိုကမှ ဟိုယောင်ယောင် ဒီယောင်ယောင်ပါ။ ကျိရန်ရဲ့ ဆိုင်က နာမည်ကြီးတယ်လေ။ အလုပ်အတည်တကျလည်း ဖြစ်တယ်။'

ကျိရန် အခု စကားတွေအများကြီး ပြောကြည့်တော့မှ ကျန့်ကောက ခင်ဖို့ ကောင်းတယ်ဆိုတာ သိလိုက်တယ်။ တစ်ဖက်သားကိုလည်း အရိပ်အကဲ ကြည့်တတ်တယ်။ ပျော်နေရင် ပိုပျော်ရအောင် လုပ်ပေးတယ်။ ဝမ်းနည်းနေရင် အားပေးမယ်။ ကျိရန် ကျန့်ကောကို သူ့အကိုအရင်းတောင် ဖြစ်လိုက်စေချင်ပြီ။

ရှောင်းကျန့် တို့ ကားလေး ခြံရှေ့ကနေ နောက်ထပ် ၅ မိနစ်လောက် မောင်းဝင်လာပြီးမှ ခြံမှာ စိုက်ထားတဲ့ အသီးမျိုးစုံတွေ ရှိတဲ့ နေရာ ရောက်လာတယ်။

'ခြံက တော်တော် ကျယ်တယ်နော်။ အခုလည်း ခြံရှေ့ကနေတောင် အထဲရောက်ဖို့ တော်တော် ဝင်လာရသေးတယ်။'

Is it call love? ( Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ