Part - 46

583 34 2
                                    

'ပါး သား ပြောထားတဲ့ဟာ.....'

'ဘာတွေ ပြောထားကျပြန်ပြီလဲ ကျန့်ကျန့် နင် တနေ့နေ့ မရိုးအောင် ဘာတွေ တောင်းနေပြန်ပြီလဲ ပေကျင်းပြန်တော့ ဆိုတာကို မပြန်ဘူး။ ငါ နှင်ထုတ်တော့မယ် နင့်ကို'

'ဟွန့် .... မား နှင်ထုတ်တိုင်း ပြန်ရမှာလား ဒီအိမ် ပါးရဲ့အိမ်လေ မားက ပါးနောက် လိုက်လာတာ မဟုတ်ဘူးလား။'

'အမလေးဟဲ့... နှုတ်သီးကောင်းလျှာပါးနဲ့ အမေကို တစ်ခွန်းမကျန် ပြန်ပြောနေတယ်.... ဒါဆို ငါ အိမ်ပေါ်က ဆင်းပေးရမှာလား...'

ရှောင်ပါး.... စိတ်ထဲက မပါပဲ တစ်ယောက်နဲ့ တစ်ယောက် အနိုင်ပိုင်းပြီး ပြောနေတဲ့ သားအမိနှစ်ယောက်ကြောင့် သတင်းစာပဲ ဆက်ဖတ်နေလိုက်တယ်။

'မား က သားကို နှင်ထုတ်ချင်နေလို့ သားက သဘောပြောပြတာ... သားက ဘာလို့ ပြန်ရမှာလဲ ဟိုကောင်က ခုထိတောင် လာခေါ်ဖော်ရလို့လား'

'ဟဲ့.... နင့်ထက် အငယ်ဆိုပေမယ့် နင့်ယောကျာ်း ဖြစ်နေပြီ ဘာ ဟိုကောင်လဲ .... မရိုင်းစမ်းနဲ့ ကျန့်ကျန့်'

ဟွန့် .... သူ့သားမက်ကဖြင့် လူပျိုတောင် ပြန်လုပ်နေပြီ။ မနေ့ည သူ့ FB acc မှာ ဆိုင်ကယ် ပြိုင်ကွင်းမှာ racer suit တွေနဲ့ အဖွဲ့လိုက်ပုံတောင် တင်ထားတာ တွေ့လိုက်ရသေးတယ်။ သူ မရှိတော့ သိပ်ကို လွတ်လပ်နေတာ..... ကြည့်ချင်လို့ ဝင်ကြည့်တာ မဟုတ်ဘူးနော် ဒီတိုင်း wall မှာ တက်လာလို့... ဟမ်းးး

'မသိဘူး.... ပါး သား ပြောထားတာ ပေးမှာလား မပေးဘူးလား....'

'ဘာတွေ ပေးခိုင်းနေတာလဲ ဟိုနေ့ကလည်း စက်ဘီးလိုချင်တယ် ဆိုပြီး ဝယ်ခိုင်းသေးတယ်မလား... ဘယ်တုန်းက စက်ဘီး စီးတတ်သွားတာလဲ'

'မင့် သား ကား လိုချင်လို့တဲ့လေ....'

'ဟင် ... ကား ဘာကားလဲ ကလေးစီးတဲ့ကားလား'

'ဟာ.... မား သား ကလေးစီးတဲ့ကား ဝယ်ပြီး ဘာလုပ်ရမှာလဲ.... လူကြီးမောင်းတဲ့ကား ပေါ့'

'နင်က ဘာလုပ်မှာတုန်း အိမ်မှာလည်း ကားတွေ ရှိနေတာကို ပြီးတော့ နင့်ကို ဒီမှာ ဘယ်သူက ကြာကြာနေခိုင်းလို့လဲ'

Is it call love? ( Completed)Tempat cerita menjadi hidup. Temukan sekarang