Part - 5

1.1K 85 3
                                    

ရိပေါ် weekend ဆိုပေမယ့် မျက်လုံးက အကျင့်ဖြစ်နေတော့ မနက်အစောကြီး နိုးလာတယ်။ ပိတ်ရက်မို့လို့ အတင်းပြန်အိပ်ဖို့တော့ စိတ်မကူးဘူး။ အဲ့ကြောင့် ကျန်းမာရေးလည်း ကောင်း၊ အစောကြီး ထရတာနဲ့ တန်အောင် လေ့ကျင့်ခန်းလုပ်ဖို့ ထ လိုက်တယ်။ သူတို့ ရပ်ကွက်က ကိုယ့်ခြံဝင်းနဲ့ကို မို့လို့ တိတ်ဆိတ်တယ်။ လမ်းမကြီးနဲ့လည်း တော်တော်လေး ဝေးတော့ ကားသံတွေ လမ်းသွား လမ်းလာ ဆူညံသံတွေလဲ မကြားရဘူး။

အဲ့ဒါကြောင့် ရိပေါ်လည်း ခြံဝင်းထဲမှာပဲ work out လုပ်နေမယ့်အစား ရပ်ကွက်ထဲ ပတ်ပြေးဖို့ပဲ တွေးလိုက်တယ်။ ကိုယ့်ခြံ ကိုယ့်ဝင်းနဲ့နေကြပြီး ခြံတွေကလည်း ကျယ်တာမို့ ရိပေါ် တပတ်ပြည့်အောင် တော်တော်ပြေးလိုက်ရတယ်။ ခါတိုင်း work out လုပ်ရင် Gym သွားတယ်ဆိုပေမယ့် မသွားဖြစ်တာ ကြာပြီမို့ အခု ရပ်ကွက်တပတ်ကို လျှာထွက်ချင်နေပြီ။

ရိပေါ်က ဝိတ်အတက်မမြန်ဘူး ဆိုပေမယ့် အသက်အရွယ်အရရော ရုံးမှာလည်း အထိုင်များတာကြောင့်နဲ့ ပုံမှန်လေ့ကျင့်ခန်းလေးတော့ ပြန်လုပ်ရတော့မယ်။ မဟုတ်ရင် အသက်လည်းကြီး ဗိုက်မှာ အဆီတွေစုနေမယ်ဆို မရသေးတဲ့ ရည်းစားကပါ ပြန်အမ်းမှာ မြင်ယောင်နေတယ်။

ရိပေါ် သူ အပြေးလေ့ကျင့်ရာကနေ ပြန်လာတော့ အိမ်ကလူတွေတောင် နိုးနေပြီ။ အိမ်မှာက မားက အရာရာ သူ့ခြေ သူ့လက်နဲ့ လုပ်ရမှ ကြိုက်တာကြောင့် အိမ်အကူတွေ မရှိဘူး။ မားလည်း တနေ့ တနေ့ လုပ်စရာမှ မရှိတာ ကိုယ်လက်လှူပ်ရှားမှုလည်း ရှိမယ်၊ ယောကျာ်းနဲ့ သားတွေကို ချက်ကျွေးရတာနဲ့တင် ပင်ပန်းတာတွေ ပျောက်သွားပြီ ဆိုလို့ အိမ်အကူထားဖို့ ဘယ်သူမှ အထွန့်မတက်တော့ဘူး။

အခုလည်း မားက မနက်စာအတွက် မီးဖိုဆောင် ဝင်နေပြီ။ ပါးကတော့ သူ့အသက်အရွယ်နဲ့ အလိုက် ခါးထောက်လေ့ကျင့်ခန်း၊ ခေါင်းငြိမ့် ခေါင်းခါ လေ့ကျင့်ခန်းတွေ လုပ်နေတယ်။

' ပါး မောနင်း'

' မောနင်း သား။ ငါ့သားက ထ ပြေး လို့ပါလား။'

' ပါးကလဲ သားက လုပ်ပါတယ်။ မသိရင် အခုမှ ထ ပြေးသလိုလိုနဲ့။'

' ဟား ဟား အေးပါကွာ။ ခါတိုင်း သားက ရပ်ကွက်ထဲတော့ မပြေးဘူးလားလို့ပါ။ ဘာလဲ မင်း မားရဲ့ အစီစဉ်တွေ ဖျက်တော့မှာလား။'

Is it call love? ( Completed)Dove le storie prendono vita. Scoprilo ora