Part - 32

792 51 2
                                    

ရှောင်းကျန့် ရှက်ရှက်နဲ့ အခန်းတံခါး ဖွင့်လိုက်တော့ သူ့အခန်းတံခါးကို မှီထားတဲ့ပုံနဲ့ အရှေ့ကို ယိုင်လာတဲ့ မားကို ပါးက ဖမ်းထိန်းလိုက်တာ တွေ့လိုက်ရတယ်။ ဘေးကို ထပ်ကြည့်လိုက်တော့ နံရံကို နားကပ်ထားတဲ့ လန်ဟွားနဲ့ လန်ဟွားကို ဆွဲထားတဲ့ ယွီပင်းကို မြင်လိုက်ရတယ်။ ဘာလဲ ဝမ်ရိပေါ် အခန်းထဲမှာ ရှိတာ အကုန်သိသွားပြီလား။ အားးးး ရှက်လိုက်တာ။ ရှောင်းကျန့် ရှက်လို့ ပြေးထွက်လာတာပါဆိုမှ အခုတော့ ရှိရှိသမျှလူကိုပါ ထပ်ရှက်ရပြီ။

'အဲ ... အဲ မားတို့ ပါးတို့ ဘာလုပ်နေတာလဲ။ ထမင်းစားဖို့ လာခေါ်တာမလား လာ သွားမယ်။'

'ဟဲ့ ... ခုမှ ဘာ ထမင်းစားဖို့ လောနေတာလဲ။ မှန်မှန်ပြော နင် ခုန ဘာလို့ အော် လိုက်တာလဲ။'

အင်.... လန်ဟွားတို့က မသိသေးတာလား။ ရှောင်းကျန့် မားနဲ့ပါးကို ကြည့်လိုက်တော့ သူတို့ ဘာမှမပြောရသေးဘူးဆိုတဲ့ ပုံနဲ့ အခန်းရှေ့က အရင်ထွက်သွားလိုက်ကြပြီ။

'ဘာလဲ ငါ ဘာအော် လို့လဲ။ မအော်ပါဘူး။ အခန်းတွေ အသံလုံတာကို နင် ဘယ်လို ကြားတာလဲ။'

'ဪ.... ငါက ရေချိုးပြီးလို့ ကို့ကို သွားခေါ်နေတာလေ။ နင့်အသံ အပေါ်ကနေတောင် ကြားရတယ်။ လန်ဟွား မျက်စိ မျက်နှာပျက်နဲ့ ရှောင်းကျန့်ကြောင့် ပိုတောင် သိချင်လာရတယ်။'

'အမ်... အဲ့ဒါ ပိုးဟပ် တွေ့လို့ ဟုတ်တယ်... ပိုးဟပ်။ ရှောင်းကျန့် ရှင်းလင်းနေတဲ့ နံရံကို လက်နဲ့ပွတ်ပြီး ပြောင်လိမ်လိုက်တယ်။ မဟုတ်တာ လုပ်ထားတဲ့ မျက်နှာကို အတင်းဖုံးကွယ်ရင်းနဲ့ပေါ့။'

ရှောင်းကျန့် လည်း လန်ဟွား ပါးစပ်ဟပြီး ထပ်ပြောမလို့ လုပ်နေတုန်း အမြန်ထွက်လာလိုက်တယ်။ သူတို့ဘာ သူတို့ ဝမ်ရိပေါ်ကို တွေ့ချင် တွေ့တော့။

ကျန့်ကော ထွက်သွားနေပြီကို အခန်းတံခါးမှာ နားထပ်ကပ်ဖို့ လုပ်နေတဲ့ လန်ဟွားကြောင့် ယွီပင်း အမြန်ဆွဲခေါ်လိုက်တယ်။

'ကဲ.... ချစ်ရယ် လာပါတော့ ကို ဗိုက်ဆာနေပြီ။ ကျန့်ကောတောင် ထွက်သွားပြီလေ သူ့အခန်း ဘယ်သူ ရှိရအုံးမှာလဲ။'

Is it call love? ( Completed)Tempat cerita menjadi hidup. Temukan sekarang