Part - 24

751 54 0
                                    

မနက် ၇ခွဲခါနီးမှ နိုးလာတဲ့ ရှောင်းကျန့် အလုပ်သွားဖို့နောက်ကျနေတာကို ဂရုမစိုက်ဘူး။ ဖုန်း အရင်ကြည့်တယ်။ အင်း ..... ဖုန်း တကယ်ထပ်မခေါ်ထားဘူး။ Fbမှာများ ပြန် add လာမလားဆိုပြီး Fb ထပ်ဝင်ကြည့်တယ်။ ပြန် add မလာသေးဘူး။ messenger မှာ ပို့ထားတဲ့ စာ တစ်ကြောင်းလောက်နဲ့ ငါက စိတ်ဆိုးပြေပေးရမယ်ပေါ့။ ရည်းစားမထားဖူးမှန်း သိသာတယ် ဝမ်ကောင်။

ရှောင်းကျန့် ခုထိ နာရီမကြည့်မိသေးပါ။ မျက်နှာလည်း မသစ်ရသေးပါဘူး။ ရှောင်းကျန့် ဝမ်ရိပေါ် ကြောင့် အရာ အားလုံးကို မေ့နေတာ သူ့ကိုယ်သူ မသိဘူး။ရှောင်းကျန့် ဖုန်းပြန်ချထားလိုက်ပြီး ပွစိ ပွစိ ပြောနေတုန်း ဖုန်းမြည်လာတော့ ချက်ချင်း ကောက်ကိုင်လိုက်တယ်။

ရှောင်းကျန့် ဖုန်းမှာပေါ်နေတဲ့ နာမည်ကြောင့် ခုမှ ခေါင်းထဲ အချက်ပေးခေါင်းလောင်းသံ မြည်လာတယ်။

'ရှောင်းကျန့် အလုပ်နောက်ကျပြီ၊ ခုထိလည်း မျက်နှာမသစ်ရသေးပါ။ ဒေါင်း ဒေါင် ဒေါင်း ဒေါင်'

အားးးး ချီးပဲ ဝမ်ရိပေါ် ကောင်းကျိုးကို မပေးဘူး။စိတ်တိုနေရတာနဲ့ ညလည်း ကောင်းကောင်း မအိပ်ရဘူး။ အခုလည်း ဒင်းကြောင့် အလုပ်နောက်ကျတော့မယ်။

ရှောင်းကျန့် ကျသွားတဲ့ ဖုန်းကို ပြန်ခေါ်ပြီး အခု လာနေပြီဖြစ်တဲ့အကြောင်း ပြောလိုက်ရတယ်။ မျက်နှာသစ် သွားတိုက်ရင် ပြီးပြီလေ။ ရေက ခါတိုင်းလည်း ချိုးချင်မှ ချိုးတာဆိုတော့။

ရှောင်းကျန့် ကားပေါ်ရောက်တော့ ရန်ကျင့်က ဒီနေ့ နောက်ကျနေပါလား ဆိုလို့ Alarm မှားပြီး ပေးထားတဲ့အကြောင်း ပြလိုက်ရတယ်။ မင်းတို့ CEO ကြောင့်လို့တော့ ပြောလို့မှမဖြစ်တာ။

ရှောင်းကျန့် ကားပေါ်ရောက်ကတည်းက စကားပြောလာတာ ရုံး ရောက်တဲ့ထိ စကားစ မပြတ်သေးတဲ့ ရန်ကျင့်ကြောင့် စိတ်က သိပ်မကြည်ချင်တော့ဘူး။ Chelsea ပွဲပြီးကတည်းက စကားပြောရင် အနှောင့်သွား မလွတ် ပြောနေတာမို့ ရှောင်းကျန့် ရန်ကျင့်ကို သိပ်အရော မဝင်ချင်တာ။

Fb ပေါ်မှာကျ ရည်းစားဟောင်းကို လွမ်းတဲ့ ပိုစ့်တွေ တင်ပြီး Feel နေပြီးတော့ messenger မှာ ရှောင်းကျန့်ကိုလည်း လာကြောင်နေတာ။ ဒီကောင် ရှောင်းကျန့်အကြောင်း မသိသေးဘူးနဲ့တူတယ်။

Is it call love? ( Completed)Where stories live. Discover now