Part - 35

685 45 0
                                    

ရှောင်းကျန့် မနေ့ည လက် ကိုင်ရုံပဲ ဆိုတဲ့ ရိပေါ်ကို အိပ်ရာမှာ အတူအိပ်ခွင့်ပေးလိုက်တာ ငါးပါးမှောက်တာပဲ။
မနက်ကျ အိပ်ရာထ နောက်ကျပြီလေ။ ရှောင်းကျန့် နိုး လာတော့ ၈ နာရီ ရှိနေပြီ။ အားးး ဝမ်ကောင်ကြောင့် နယ်မှာ ဒီချိန်ထိ ဘယ်သူမှ မအိပ်ကြဘူးလေ ခုတော့ အိမ်ကလူတွေရဲ့ ခေါင်းပေါ် Question mark တွေ မြင်ယောင်နေပြီ။

ရှောင်းကျန့် ကမန်းကတန်း ထ ထိုင်လိုက်တယ်။ ဘေးကို ကြည့်လိုက်တော့ ဝမ်ရိပေါ် မရှိဘူး။ ဒါ ဘာအခြေနေကြီးလဲ.... ပြီးတော့ နေပါအုံး ငါကရော ဘာတွေ မျှော်လင့်နေတာလဲ အိပ်ရာ နိုးလာတဲ့ချိန် မျက်နှာကို တစိမ့်စိမ့် ကြည့်နေမယ့် ဝမ်ရိပေါ် ရှိနေမယ် ထင်လို့လား။ အားးးးး ရှက်စရာကြီး ငါ ဘာတွေ တွေးနေတာလဲ အခုလို မရှိတာ ပိုတောင် ကောင်းသေးတယ်။ မျက်နှာမပူရတော့ဘူး။

ရှောင်းကျန့် ရေချိုးခန်းထဲ ဝင်သွားပြီး တကိုယ်ရေ သန့်ရှင်းရေး လုပ်လိုက်တယ်။ ရှောင်းကျန့် သွားတိုက်နေရင်း မနေ့ည အဖြစ်ပျက်ကို ပြန်မြင်ယောင်သွားတယ်။ လက်ပဲ ကိုင်မယ် ဆိုတဲ့ ရိပေါ် တကယ်လည်း အဲ့ထက် အခွင့်ရေး ပိုမယူခဲ့ပါ။ ရှောင်းကျန့် တော်တော် ဖြစ်နေပြီ ဝမ်ရိပေါ် အကြောင်းတွေးလိုက်တာနဲ့ ဝမ်ရိပေါ်ရဲ့ အချစ်တွေက သူ့ရဲ့ သွေးကြောသေးသေးမျှင်မျှင်လေးတွေထိ စီးဆင်းနေတာကို ခံစားမိလာတယ်။

ရှောင်းကျန့် အတွေးတွေထဲ နစ်မျှောပြီး သွားတိုက်နေရင်း သွားဖုံးကို ထိုးမိသွားတော့တယ်။

'အ.....' ဒါပေမယ့် မနာပါဘူး။ ဘာလို့ဆို အချစ်စွမ်းအားတွေ ကြောင့်လေ။ အဟစ်..... ရှောင်းကျန့် တွေးလိုက် မျက်နှာစပ်ဖြီးဖြီး လုပ်လိုက်၊ သွားတိုက်လိုက် မျက်နှာသစ်လိုက်နဲ့ တစ်နာရီလောက် ကြာသွားပါတယ်။

ရှောင်းကျန့် ရေမချိုးပဲ အဝတ်တွေ လှဲဝတ်ရင်း ဝမ်ရိပေါ်များ သူ့အတွက် မနက်စာ ပြင်ပေးဖို့ အရင် ထ သွားသလားဆိုပြီး တွေးလိုက်ပါသေးတယ်။ (တွေးနိုင် လွန်းသူကြီး) အချစ်ရှိရင် ဒီလို ကြည်နူးဖို့ ကောင်းတာလား။

ရှောင်းကျန့် ပြင်ဆင်ပြီး ထွက်လာတော့ ဧည့်ခန်းမှာ လူစုံတက်စုံနဲ့ ဝမ်ရိပေါ်ရဲ့ အဖေ အမေပါ တွေ့လိုက်တယ်။ ဒါပေမယ့် ဝမ်ရိပေါ်တော့ မပါဘူး။ သူ ဘယ်သွားတာလဲ ငါ့အတွက် ပြင်ဆင်ထားတာတွေရော...... ရှောင်းကျန့် သူ့အတွေးမှားသွားတော့ မျက်နှာကြီး စူပုပ်သွားတယ်။(ကိုယ့်ဘာသာ တွေးချင်တာ တွေးထားပြီးတော့)

Is it call love? ( Completed)Tahanan ng mga kuwento. Tumuklas ngayon