Part - 30

806 49 0
                                    

ရှောင်းကျန့်တို့ လမ်းမှာ တစ်ထောက်ပဲ နားပြီး ကားကို အလှည့်ကျ မောင်းလာလိုက်ကြတယ်။ ရှောင်းကျန့်တို့ မြို့အဝင်ရောက်တော့ ညနေ ၆ နာရီတောင် ပြန်ထိုးနေပြီ။ မြို့ထဲနဲ့ ရှောင်းကျန့်တို့နေရာနဲ့ ၁၅ မိနစ်လောက်ပဲ ထပ်မောင်းရတော့မှာမို့ မြို့ထဲ ခနဝင် နားဖို့ ဘယ်သူမှ မဟကျတော့ဘူး။ ဟလည်း မဟနိုင်ကျတော့ဘူး။ ကားမောင်းတဲ့လူရော ထိုင်လိုက်လာတဲ့လူပါ အသေညောင်းကိုက်နေပြီလေ။ အိမ်အမြန်ရောက်ပဲ ရောက်ချင်ကြတော့တယ်။

၁၅ မိနစ်လောက် ထပ်မောင်းတော့ ရောက်ပါပြီ။ အိမ်ရှေ့ရောက်တော့ ကားရပ်ပြီး ရှောင်းကျန့်ပဲ တံခါး ဆင်းဖွင့်ပေးလိုက်တယ်။ ရှောင်းကျန့် တို့အိမ်က နေချင်စရာ တော်တော်ကောင်းမှာ ခြံဝင်းတံခါးနဲ့တင် ချစ်စရာလေး လုပ်ထားတာ။ ဝင်ပေါက် တံခါးရဲ့ တစ်ဖက် တစ်ချပ်မှာ သံတွေနဲ့ ဟိုဘက် ဒီဘက် အမိုးကိုင်း လုပ်ထားပြီး ပန်းပင်တွေရဲ့ အနွယ်တွေနဲ့ အုပ်အုပ်ဆိုင်းဆိုင်းလေး ဖြစ်အောင် လုပ်ထားတယ်။ ခြံအဝင်မှာတင် selfie ဆွဲပစ်လိုက်ချင်စရာ။

လန်ဟွားကတော့ ရောက်ဖူးပြီးသားမို့ အံ့ဩမနေတော့ဘူး။ အခုဖီလင်က ရေမိုးချိုးပြီး ရှောင်မားရဲ့ အိမ်ချက်လက်ရာတွေကို တဝ တဗြဲဆွဲချင်စိတ်ပဲ ဖြစ်နေပါတယ်။

'ဟောက်ရွှမ်းနဲ့ ကျိရန်က ကားပေါ် ပြန်တက်ပြီး လိုက်ချင် လိုက်သွားလေ။ အညောင်းညာပြေ လမ်းလျှောက်ဝင်သွားချင်လည်း ရတယ်။ အိမ်နဲ့ သိပ်မဝေးတော့ဘူး။'

'ဟုတ် အကို။ လမ်းပဲ လျှောက်တော့မယ်။တစ်နေကုန် ကားစီးလာရတာ အညောင်းမိနေပြီ။ ပြီးတော့ လေကောင်းလေသန့်လည်း ရတာပေါ့။ အကိုတို့အိမ်က ခြံဝမှာတင် လူတွေကို ဆွဲဆောင်နေပြီ။ ဟီး...'

'အဲ့လောက်လည်း မဟုတ်ပါဘူး။ အကို့ ပါးက ပန်းတွေ စိုက်ရတာ ဝါသနာပါတယ်။ အဲ့ဒါကြောင့် အိမ်ပတ်ပတ်လည်မှာလည်း ပန်းပင်တွေ အများကြီး စိုက်ထားတာ။'

'ဒါဆို ထူးထူးခြားခြားလေး ဖြစ်အောင် ဒီမှာပဲ မင်္ဂလာ လာဆောင်ရတော့မယ် ထင်ပါတယ်။ နော် အချစ်။'

'အာ.... ကိုကို ဘာတွေ ပြောနေတာလဲ အကိုရှောင်းကျန့်ကို အားနာစရာ။'

Is it call love? ( Completed)Tahanan ng mga kuwento. Tumuklas ngayon