Part - 7

1K 70 2
                                    

ရိပေါ် မနက်စာလည်း စားမဝင်တော့ဘူး၊ ရင်ပြည့်နေပြီ ဒီပုံတိုင်းဆို ၃ ရက်တောင် ထမင်းမစားလည်း နေနိုင်မလားပဲ။ (အချစ်စွမ်းအားတွေ) ရိပေါ် ရေချိုးဖို့ လေလေးတချွန်ချွန်နဲ့ က နေတုန်း ဖုန်းသံကြားလို့ ခေါ်လာတဲ့လူကို တွေ့မှ ယွီပင်းနဲ့ ချိန်းထားတာကို သတိရသွားတယ်။ သေပြီ ဒီကောင် ငါ့ကို ဆဲတော့မှာ။

' ဟလို .....'

' အေး သူတောင်းစား ငါ မင်းအဖေ ...... နင်က ဘယ်ချိန်မှ ထွက်လာမှာလဲ။ ည လား'

' သူတောင်းစားလေးကလည်း ဒီဘက်က မင်းအဖေလည်း ပျော်နေလို့ပါကွ။ ခနလေး မေ့သွားတာကို.... ငါ အခု ရေချိုးပြီးရင် ထွက်လာမယ်။ ပြီးရင် Double happy အကြောင်း လာပြောပြမယ်။ဟီးးး'

' သူတောင်းစား လေသံကိုက b ထိုင်ရပါစေ။'

' no No မင်းအဖေက အပေါ်ထပ်ကပဲ နေမှာ။ ရုပ်ကို ကြည့်ထား six packs တွေနဲ့ မာဆဲယ် တွေနဲ့။'

' ခွီးးးးး ဗလနဲ့ အောက်မှာ ကောင်းတယ် ကောင်းတယ်ဆိုပြီး အော်တဲ့ကောင်တွေမှ ပုံလို့။'

' ဒီလောက် သိနေပုံထောက်ရင် မင်းလည်း စောင့်ဖျွတ် (ဇွတ်ဖြောင့်) ပဲ မလား။ ဟား ဟား ဟား'

' ဖွီ ..... ငါက အဖြောင့် ဖြောင့်တာမှ ဖြောင့်ဖြောင့်နဲ့ မြည်နေတာ။'

' အေးပါ အေးပါ ဖြောင့်တယ်ဆိုလည်း ဖြောင့်တယ်ပေါ့။ အားကြီးနဲ့ မရှင်းပြပါနဲ့။ သားအသည်းက နုနုရယ်။'

' f**k သူတောင်းစား မြန်မြန်လုပ်ပြီးသာ ထွက်လာပါတော့ကွ ငါတို့တွေ အူလိပ်နေပြီ။'

' မင်းတို့ကလည်း မနက်စာလေး ဘာလေးတော့ ကိုယ့်အိမ်ကနေ စားလာပါလားကွ။ ဘာလဲ မင်းတို့အိမ်က နေ့ချင်း ညချင်း မွဲပြာကျသွားကြလို့လား။'

' မသိဘူး ဂုန်းဆင်းမယ်ဆို ငါတို့အိမ်က ဘီးပါ တပ်ပေးတဲ့အမျိုး အဲ့လောက်ထိ လိုက်ဖက်ညီတာ။ အခုတော့ မြန်မြန်လာပါတော့ သားလေးရဲ့။'

'အေး အေး စောင့်နေကြ ။ မဟုတ်လည်း ဆိုင်ထဲဝင်ပြီး အရင် မှာစားထားကြလေ။ ငါ တကယ် လာမှာပါ။'

' လိ တွေ ရှည်မနေနဲ့တော့ မြန်မြန်သာ ထွက်လာ။ ဪ ...... ပြီးတော့ ဆိုင်က အရင်ဆိုင် မဟုတ်ဘူးနော်။ မဟုတ်ပေမယ့် လမ်းကြောတော့ သင့်တယ်။ အဲ့နားရောက်ရင် ဖုန်းဆက်လိုက် ငါ ထပ်ပြောမယ်။ ဒါပဲ မြန်မြန်လာ။'

Is it call love? ( Completed)Where stories live. Discover now