Part - 17

796 65 0
                                    

at Black Hat Bar..........
'ဟျောင့် ရိပေါ် ဒီနေ့ လူတွေ များလှချည်လား။ Sunday မို့လို့လား။'

ရိပေါ် သူ့အကြောင်းတွေ ပြောချင်လွန်းလို့ ယွီပင်း ပြန်ရောက်ရောက်ချင်း Bar လာဖို့ ဆွဲခေါ်လာတော့တာပဲ။ ရိပေါ် ကား parking ထိုးနေတုန်း ယွီပင်း ပြောမှ ဆိုင်ရှေ့မှာတင် မဝင်ရသေးတဲ့လူတောင် တကယ်များနေတာပဲ။

' ဟုတ်တယ်နော်။ လာမိတာ မှားပြီထင်တယ်။ အေးဆေး စကားပြောချင်တာပါဆိုမှ။'

'အေး အဲ့ဆို ပြန်ကြမလား။ ငါလည်း နားချင်နေပြီ။'

'ပြန်စရာလား။ ရောက်တောင် ရောက်နေပြီ။'

' မသိဘူးလေ နင်ပဲ လာမိတာ မှားပြီဆို'

'စကား အဖြစ်ပြောတာ။ မပြန်ဘူး ဒီနေ့တော့ ငါ ဖြစ်နေတာကို ခွဲခြမ်းစိတ်ဖြာပေးကို ပေးရမယ်။'

'ခွဲခြမ်းစိတ်ဖြာရအောင် နင့်ဟာက အရာဝတ္ထု မို့လို့လား။ ချီးစကား လာမပြောနဲ့။ မပြန်ဘူးဆိုလည်း သွားမယ်။'

ရိပေါ်နဲ့ ယွီပင်း ဆိုင်ရှေ့ရောက်တော့မှ အရှေ့မှာ ရှိနေတဲ့လူတွေကို သေချာကြည့်မိတယ်။

'ဟျောင့် Chelsea Fan တွေဟ။ ဒီည ဘောလုံးပွဲ ရှိတာထင်တယ်။'
ယွီပင်းတို့က sport ပိုင်းဆို တခါတလေ ဆိုင်ကယ် အပျော်တမ်း ပြိုင်တာလောက်ပဲဆိုတော့ ဘယ်နေ့ ဘောလုံးပွဲ ရှိတယ်၊ ဘယ်အသင်းနဲ့ ဘယ်အသင်း ကန်ကြလဲ မသိကြဘူး။ တစ်ဖွဲ့လုံးက ညီတာဆိုလို့ ဂိမ်းဆော့တာပဲ ရှိတယ်။

ရိပေါ် Chelsea Fan ဆိုလို့ Love Hunter ကိုတောင် သတိရသွားတယ်။ ဒီည သူ ဒီကို လာရင် ဘယ်လောက်ကောင်းမလဲ။ လူ မသိဘူးဆိုပေမယ့် အနည်းဆုံး အနီးဆုံးမှာ ရှိနေကြရမယ်မလား။

ရိပေါ်တို့ ဝင်လာတော့ ဖန် ဟုတ်လား မေးသေးတယ်။ ကြည့်ရတာ ဖန်ဆိုရင် ဂိမ်းဆော့ဖို့ ကဒ်ပေးမယ့်ပုံနဲ့။

ရိပေါ်နဲ့ယွီပင်းလည်း ခါတိုင်း ဘားကောင်တာရှေ့ ထိုင်ပေမယ့် ဒီနေ့ အောက်ထပ် တခုလုံး Chelsea Supporter Club က ငှါးထားတယ်ဆိုလို့ အပေါ်ထပ်ကိုပဲ တက်လာလိုက်တယ်။ သူတို့လည်း စကားအေးဆေး ပြောချင်တာနဲ့ အတော်ဖြစ်သွားတာပေါ့။

Is it call love? ( Completed)Où les histoires vivent. Découvrez maintenant