Part - 8

1K 81 2
                                    

ရှောင်းကျန့် နဲ့ လန်ဟွားလည်း Game over လုပ်ပြီး စားစရာပဲ အာရုံစိုက်တော့မယ့်ချိန်ကျမှ ဆိုင်ထဲကို လူ လေးယောက် ဝင်လာတယ်။ မဟုတ်ဘူး နတ်သားလေးလို့ ပြောရင် ပိုမှန်မယ်။

ဒီလိုမျိုးဆို နှစ်ယောက်က အတိုင်အဖောက်ညီညီနဲ့ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကြတယ်။

' ဟဲ့ အဆင်လေးတွေချည်းပဲဟ ငါ့အကြိုက် uke type လေးတွေနဲ့။' ရှောင်းကျန့် မသိတာ အကုန်လုံး ခေါင်မိုးထပ်က ဆိုတာပေါ့။

' ဟဲ့ နင် ကြိုက်ချင်တာပဲ ပြောမနေနဲ့၊ ဒီပုံစံ ဒီအခွက်တွေက ဘယ်လိုမှ အောက်ထပ် မဖြစ်နိုင်ဘူး။ သေချာတယ်။ seme တွေကြီးပဲ။'

' အဲ့ဒါဆို နင် တစ်ယောက် ရွေးလိုက် ဘယ်တစ်ယောက်က seme လည်းဆိုတာ။ ပြီးရင် သူတို့နဲ့ နီးတဲ့နေရာ ပြောင်းကြမယ်။ အဲ့ဒါမှ အတွင်းရေးတွေ သိရမှာ။' ယောကျာ်းလေးဆိုတာ စကား ၁၀ ခွန်းမှာ ၉ ခွန်းလောက်က ပေါက်တတ်ကရတွေ ပါတတ်တယ်မလား။

' အေး ငါ ခုန ဝင်လာတဲ့ တတိယတစ်ယောက်ကိုရွေးမယ်။ မျက်ခုံးက ထင်းနေပြီး မျက်လုံးကလည်း စူးရှနေတာ ပြီးတော့ သူ့ တစ်ခြမ်းပြုံးက အသက်ပဲ။'

' အေး နင် အဲ့တစ်ယောက်ဆို ငါက သူတို့ထဲက အချောဆုံးဖြစ်တဲ့ ငါ့ uke လေးကို ရွေးမယ်၊ မျက်နှာက ရေခဲရိုက်ထားတယ် ဆိုပေမယ့် အဲ့ဒါကိုက သူ့ချောမောမှုရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ ပြီးတော့ အရမ်းချစ်တတ်ပြီး အနွံတာ ခံမယ့်ပုံ။ ပြီးရင် ငါ့ကိုလည်း ပြန်ကြိုက်မယ့် ရုပ်နဲ့။ ဟိ'

' သူ ပိုချောတာ ငါ လက်ခံပါတယ်။ ဒါပေမယ့် နင့်ကိုလည်း ပြန်ကြိုက်မယ့်ရုပ်ဆိုတာက ဘာကြီးလဲ။ ဟိုက ဝင်လာကတည်းက ဘယ်ကိုမှ မျက်လုံး ဝေ့မကြည့်သွားဘူး။ နင့်ကို ဘယ်နားက စိတ်ဝင်စားတဲ့ပုံနဲ့ ကြည့်သွားလို့ ခုလို ပြောရဲဆိုရဲ နိုင်နေတာလဲ။'

' ဟဲ့ ငါ့ကို ပြန်ကြိုက်မယ်ဆို ပြန်ကြိုက်မယ်ပဲ။ နင် ငါ့ psycho ကို သိပါတယ်။ ငါ့ကို ပြန်ကြိုက်မယ် ပြောလိုက်ရင် သေချာပေါက် အနှေးနဲ့အမြန် ငါ့ကို တကယ်ကြိုက်လာတယ်ဆိုတာ။'

ဒီဘဝင်ရူးနဲ့ ငါ ဘယ်လိုများ သူငယ်ချင်း ဖြစ်သွားရတာလဲ။ လန်ဟွားလည်း သူ့သူငယ်ချင်း ပြောတဲ့ psycho ဆိုတာကိုတော့ မယုံကြည်ပေမယ့် သာဓကတွေလည်း ရှိတော့ လက်မခံချင်ပဲ လက်ခံထားရတယ်။

Is it call love? ( Completed)Donde viven las historias. Descúbrelo ahora