Part-2

1.6K 109 1
                                    

မနက်အလင်းရောင် ဝေဝေဝါးဝါးနဲ့ ကျေးငှက်တွန်သံတွေကြောင့် ဒါဟာ နောက်ထပ် တစ်ရက် ရောက်ပြန်ပြီ ဆိုတဲ့ အဓိပ္ပာယ်ပေါ့။

လူသားတွေဟာလည်း ကိုယ့်ဝမ်းစာပြည့်ဖို့အရေး သွားလာ လှုပ်ရှားကြတယ်။ တစ်ချို့လူတွေလည်း ကိုယ်လိုရာ ရောက်ဖို့ ကျပ်ညှပ်ပိတ်သိပ်နေတဲ့ ဘတ်စ်ကားပေါ် တိုးတက်သွားကြတယ်။

ရှောင်းကျန့် ဆိုတဲ့ လူသားသည်လည်း ဝမ်းစာဖြည့်ဖို့အရေး သွားလာ လှုပ်ရှားနေရတဲ့လူတွေထဲက တစ်ယောက်ပေါ့။

ခုလည်း အင်တာဗျူး သွားဖြေဖို့ မနက်အစောကြီး ထ နေရပြီ။ မထလို့လည်း မရဘူး၊ အဆောင်မှာ နေတယ်ဆိုကတည်းက ကိုယ်လို သူလို သွားလာ နေရတဲ့လူတွေပဲမို့၊ ရေတွေ လုချိုးရတဲ့အချိန်၊ အိမ်သာ လုတက်ရတဲ့အချိန်တွေနဲ့လေ။

ဒါတောင် ရှောင်းကျန့်က ထမင်း၊ဟင်း မချက်လို့။
အခုလည်း ရေချိုးပြီး အင်တာဗျူးဖြေဖို့ သူ့ရဲ့ကိုယ်ရေးအကျဉ်းနဲ့ ဘွဲ့လက်မှတ် သင်တန်းဆင်းလက်မှတ်ပါတဲ့ File bag ကို ပြင်ဆင်နေတယ်။ ပြီးရင် ကော်ဖီတစ်ခွက်နဲ့ နှစ်ပါးသွားပြီး ဘတ်စ်မှာနေရာရဖို့ ပြေးရအုံးမယ်။ ပေါင်မုန့်လေးတောင် မပါနိုင်ရှာတော့ဘူး။လကုန်ခါနီးဆို လခ စားတဲ့ လူတိုင်းရဲ့ ရင်တွင်းဖြစ်တွေပေါ့။

တစ်ခါတစ်လေ ဘတ်စ်ကားဖိုးတောင် ဟိုနှိုက် ဒီနှိုက် ရှာရသေးတာ။

ရှောင်းကျန့် သူ ဘတ်စ် စီးရမယ့်မှတ်တိုင်မှာ ခနထိုင်စောင့်နေလိုက်တယ်။

ဒီတခါ အင်တာဗျူးက ဝင်ရမယ်ဆိုပြီး ဖုန်းဆက်လာတဲ့ ကောင်မလေးအသံက တိုးလွန်းသည်မို့ သွားရမယ့်နေရာကိုတောင် သူ့Form တင်ထားဖူးတဲ့ အီးမေလ်းထဲ ပြန်ဝင်ကြည့်ရတယ်။ သူ တစ်ခါမှ မသွားဖူးတဲ့ မြို့နယ်ထဲမို့ စောသွားပြီး သွားရှာရအုံးမယ်။

ဟော........ လာပါပြီ ငပိသိပ်တဲ့ ဘတ်စ်၊ လူတောင် ထပ်တက်လို့ ရသေးလားပဲ။ ဒါတောင် သူ အစောကြီး ပြင်ဆင်ပြီး ထွက်လာတာ။ မတတ်နိုင်ဘူး အရပ်ရှည်တာပဲ ဘားတန်းတော့ ခိုလို့ ရမှာပါ။

တော်သေးတယ်။ မနက်ခင်းပိုင်းမို့ အကုန်လုံးက အလုပ်သွားရမယ်ဆိုတော့ မွေးကြိုင်နေကြတယ်။ မဟုတ်ရင် ၉၉မျိုးသော အနံ့တွေကို ရှူနေရအုံးမှာ။

Is it call love? ( Completed)Where stories live. Discover now