Part - 22

743 55 0
                                    

Wedding Day........
အဖြူရောင်တွေ ချည်း သုံးထားတဲ့ အပြင်ဆင်နဲ့ W & M ဆိုတဲ့ ရွှေနဲ့အဖြူ ရောထားတဲ့ စာလုံးလေးက သတို့သား သတို့သမီး ထိုင်မယ့်နေရာနောက်မှ ကြွရွလို့။

ခုတော့ ရှောင်းကျန့်လည်း ဝမ်ရိပေါ် စပွန်ဆာပေးထားတဲ့ အနောက်တိုင်းဝတ်စုံအနက်ရောင်နဲ့ လက်မှာလည်း ပြန်ပေးရင် ကားနဲ့တက်ကြိတ်ပစ်မယ်ဆိုလို့ ပြန်မပေးဖြစ်တဲ့ နာရီကြီးနဲ့ပေါ့။

ခုထိတော့ ပွဲထဲမှာ နှစ်ဖက်မိဘတွေကလွှဲပြီး ဘယ်သူ့ကိုမှ မမြင်သေးဘူး။ လန်ဟွားမ မလှတဲ့ရုပ်ကို ပြင်နေတယ်။ ရှောင်းကျန့်ကိုပါ ပြင်ခိုင်းနေတာမို့ ငါ $ချောကြီးမို့ ရေချိုးထားရုံနဲ့ ချောပြီးသားလို့ ပြောပြီး ထွက်လာရတယ်။ $ချောကြီးမို့ $ချောကြီး ပြောတာကို လက်မခံချင်တဲ့လူကလည်း ဒုနဲ့ဒေးပါပဲ။

အိမ်က တစ်လမ်းထဲဆိုပေမယ့် ဝမ်အိမ်ကို ကျဲက လိုက်နေမှာမို့ မင်္ဂလာပွဲကိုတော့ မု အိမ်မှာပဲ လုပ်လိုက်တော့တာမို့ အခုထိတော့ ဝမ်ရိပေါ်ကို မတွေ့ရသေးဘူး။ နေပါအုံး ငါက ဘာလို့ သူ့ကို မျှော်နေတာလဲ။
~~~~~~~~~~~~~~~~~~~
ရိပေါ် မနက်ကတည်းက ဖင်တကြွကြွ ဖြစ်နေပေမယ့် သတို့သားတောင် ဘာမှမပြင်ဆင်ရသေးဘူးဆိုလို့ ရှောင်းကျန့်ကို တွေ့ချင်စိတ်ကို ချိုးနှိမ်ထားလိုက်ရတယ်။ အခုတော့ ရှောင်းကျန့်က သူ တစ်ဖက်လှည့်နဲ့ ဝယ်ပေးထားတဲ့ ဝတ်စုံနဲ့ ဘယ်လိုတောင် ပြီးပြည့်စုံနေပြီလဲ။ ရိပေါ်  ရှောင်းကျန့်နဲ့ ဆင်တူဝတ်ရဖို့ မစောင့်နိုင်တော့တာမို့ ရေချိုးခန်းထဲ ပြေးဝင်သွားလိုက်တယ်။

ယွီပင်း ဝမ်အိမ်တော်ထဲ ကားရပ်ပြီး ရိပေါ်အခန်းဆီပဲ တက်လာလိုက်တယ်။ လန်ဟွားနဲ့ ချစ်သူ ဖြစ်နေပြီဆိုပေမယ့် သူ့ဘက်ကသာ မိဘတွေ ဖွင့်ပြောထားတာ လန်ဟွားက သူ့ကို စောင့်ကြည့်ချင်ပါသေးတယ်ဆိုပြီး သူ့အိမ်ကို ဖွင့်မပြောရသေးပါ။ ချစ်သူ ဖြစ်နေပြီ ဆိုပေမယ့် မဏ္ဍပ်တိုင် တက်ပြခွင့် မရှိသေးတာမို့ ခုတော့ ရိပေါ်နဲ့ပဲ ကပ်လိုက်သွားဖို့ပဲ ရှိတော့တယ်။

ရိပေါ် အခန်းရှေ့ရောက်တော့ တံခါးခေါက်နေပေမယ့် အထဲက ဘာသံမှ မကြားတာမို့ ယွီပင်း ကိုယ့်ဘာသာ ဖွင့်ဝင်လာလိုက်တယ်။ ရေချိုးခန်းထဲ သီချင်းသံကြားမှ ရိပေါ် ရေချိုးနေမှန်း သိလိုက်တယ်။

Is it call love? ( Completed)Where stories live. Discover now