Part - 16

849 55 0
                                    

ရှောင်းကျန့် တို့ ဒီဇိုင်းဌာနကလည်း ပုံဆွဲလိုက် CEO ကို ပြလိုက်၊ လိုအပ်တာတွေ ထပ်ဖြည့်ဆွဲလိုက်နဲ့ ဒီဇိုင်းကတော့ တဖြေးဖြေး ရုပ်လုံးပေါ်လာနေပါပြီ။

ယွင်ရှင်း။။ 'ဟေး ... ဒီနေ့ သောကြာနေ့ဆိုတော့ ဦးနှောက်သွားဆေးကြမလား။'

လီမင်၊ ဆုန်းဆုန်း။။ ' ကောင်းတယ် ကောင်းတယ်။ Spicy House သွားစားကြမယ်။'

ရှောင်းကျန့်ကတော့ ပုံဆွဲနေတဲ့ထဲ အာရုံရောက်နေတာမို့ သူတို့စကားဝိုင်းထဲ ဝင်မပါဘူး။

'ရှောင်းကျန့်ကော လိုက်မှာမလား'

'အင်း လိုက်ခဲ့မယ်လေ။ ဒီလူနဲ့ ဒီလူ မေးနေစရာ လိုသေးလို့လား။ ကောတို့ ၄ ယောက် စကားကောင်းကောင်းလည်း မပြောရသေးဘူးလေ။'

ယွင်ရှင်း တို့ကတော့ ၄ ယောက်ဆိုတဲ့စကားမှာ မကြားသလိုနဲ့ အလုပ်ကိုပဲ ပြန်လုပ်နေလိုက်တယ်။

ရုံးဆင်းတော့ ထူးထူးဆန်းဆန်း CEO က တံခါးလု မဖွင့်ရုံတမယ် အလျင်စလို ထွက်သွားတော့။ ခေါင်း၃လုံးက လွှဲ တစ်ရုံးလုံး ခေါင်းတွေ ??? ဖြစ်သွားတော့တယ်။

သူတို့ CEO ဒီတပတ်လုံး ဘာဖြစ်နေမှန်း မသိဘူး။ ရုံးကို စောလာတယ် ပြီးရင် နောက်ကျမှ ပြန်တယ်။ အလုပ်ကို အဲ့လောက်ထိ ကြိုးစားပြနေတာ အိမ်က အမေက မိန်းမ ပေးစားမယ် ပြောထားလို့များလား။ အကုန်လုံး CEO ကို အရောက်ပို့ပြီး ရုံးဆင်းလာလိုက်ကြတော့တယ်။

' ကော ကျိလီကို သွားပြောလိုက်အုံး ကော မလိုက်တော့မယ့် အကြောင်း မဟုတ်ရင် ကော မလာသေးလို့ ဆိုပြီး စောင့်နေအုံးမယ်။'

ရှောင်းကျန့်လည်း ယွင်ရှင်း ပြောမှ ကားဆရာကို သွားပြောဖို့ သတိရတယ်။

'အင်း ကော သွားပြောလိုက်အုံးမယ်။ ညီမလေးတို့ သွားမယ့်နေရာ ဝေးရင် Taxi သွားခါ်ထားလေ။ ကော ပြောပြီး လိုက်လာမယ်။'

'ဟုတ် ကော။ ဒါဆို အရှေ့မှာ စောင့်နေမယ်နော်။'

ရောက်ပြီဆိုလို့ ရှောင်းကျန့် ကြည့်လိုက်တော့ သူ့အဆောင်နားက mall တစ်ခုဖြစ်နေတယ်။ mall ထဲမှာ စားစရာတွေ စုံပေမယ့် ရှောင်းကျန့် သိပ်မရောက်ဖြစ်ပါ။ သူနဲ့ လန်ဟွား တွေ့ဖြစ်ရင် ကော်ဖီဆိုင်ကောင်းကောင်းလေးနဲ့ အေးအေးဆေးဆေး ဖြစ်တဲ့နေရာမှာပဲ ထိုင်ဖြစ်တာ များတယ်။ နှစ်ယောက်လုံးက ပေါက်ကရတွေသာ ပြောကြတာ အေးအေးဆေးဆေး နေရတာပဲ ကြိုက်တာ။

Is it call love? ( Completed)Où les histoires vivent. Découvrez maintenant