Part - 18

776 63 0
                                    

ရိပေါ် ဒီနေ့မှ ပြန်လာပြီး Bar လိုက်လာပေးတဲ့ ယွီပင်းကို အိမ်ခေါ်ပြီး ကိုးကွယ်ထားလိုက်ချင်တော့တယ်။

'ဟျောင့် ယွီပင်း မင်းကို တကယ်ကျေးဇူးတင်တယ်။ မဆိုင်ဘူး ဆိုပေမယ့် မင်း ပြန်လာလို့ ငါ သူ့ကို သိလိုက်ရတာ။'

ယွီပင်း ရိပေါ် ကျေးဇူးတင်တယ် ပြောလို့ ဟန်ပါပါ ကော်လံကိုင်ပြီး ထောင်မလို့ လုပ်နေတုန်း မဆိုင်ဘူး ဆိုပေမယ့် ဆိုတဲ့ နောက်က စကားကြားလိုက်တော့ အဲ့ဒီ ပါးစပ်နားရွက်တက်ချိတ်နေတဲ့ $ခွက်ကို ဆောင့်ကန်ချင်စိတ် ဖြစ်လာတယ်။
~~~~~~~~~~~~~~~~~~~
ရှောင်းကျန့် နဲ့ လန်ဟွား ဂိမ်းဆော့ပြီးလို့ ဘောလုံးပွဲ လာခါနီးကျတော့ Toilet ကို ထွက်လာလိုက်တယ်။ မဟုတ်ရင် သောက်ထားတာ အချိုရည်တွေ ပွဲကောင်းမှ သေးပေါက်ချင်လာလို့တော့ မဖြစ်ဘူးမလား။

ရိပေါ် ရှောင်းကျန့် တို့ကို ကြည့်နေတုန်း နှစ်ယောက်သား Toilet ဘက် ထွက်သွားတာ တွေ့လိုက်ရတာကြောင့် လိုက်လာလိုက်တယ်။ ရှောင်းကျန့် သူ့ကို မြင်ရင် ဘယ်လိုဖြစ်သွားမလဲ သိချင်ပါသေးတယ်လေ။

'ဟဲ့ ..... ရှောင်းကောင် သိပ်ပျော်နေတယ်ပေါ့။ Acc နဲ့ Official jersey နဲ့တောင် လဲတယ်ဆိုတော့။'

'ဟဟ မနာလိုတာလား အယ်မ။ Acc တစ်ခုနဲ့ ဘာဖြစ်မှာမို့လဲ။ သူတို့ add လာလည်း ငါ လက်ခံချင်မှ ဖြစ်တာပါ။ပြီးတော့ မင်းအဖေက တာဇံရုပ်တွေ လက်မခံတာ သိတယ်မလား။'

ရိပေါ် သူတို့နောက်က ကပ်လိုက်လာရင်း သူတို့နှစ်ယောက် ပြောနေတာတွေကို ကြားနေရတယ်။ အဟက် သူ့ယုန်က မာနကြီးတာပဲ။ သူလည်း သူ့ပုံမတင်ပဲနဲ့ သူများကိုကျ ရုပ်ဆိုးရင် လက်မခံဘူးတဲ့။

'မနာလိုစရာလား Official jersey များ နင့်ကို ဖို့သတ်လို့ရတယ်။'

'ဒါမယ့် Captain sign တော့ မပါဘူးလေ။ ဟ ဟ'

အားးးးးး ရိပေါ် ချစ်လို့ သေတော့မယ်။ ဘယ်လိုတောင် ရီလိုက်တာလဲ။ ( ဖြစ်နေလိုက် မင်းလည်း 🙄)

'အေးပါ ကြက်ကန်းဆန်အိုးတိုးထားတာပါ။'

'ဘာဖြစ်ဖြစ် ကျေနပ်တယ်။ အာ့ကြောင့် အမှတ်တရ အနေနဲ့ ပြန်ရောက်ရင် ပုံရိုက်ပေး ဒီည Acc ထဲက သူတို့ တိတ်တခိုး Crush နေရတဲ့ ကိုကြီး ရုပ်ဘယ်လောက် ဖြောင့်လည်း သိသွားအောင်လို့ ငါ့ရဲ့ $ချောရုပ်ကို ချပြရမယ်။'

Is it call love? ( Completed)Where stories live. Discover now