Part - 43

645 36 2
                                    

Credit for cover photo......

တရာရုံးမှာ လက်မှတ်ထိုးပြီးလို့ ဘုရားကျောင်းမှ ကတိသစ္စာပြုတဲ့ထိ ပါးစပ်နားရွက် တက်ချိတ်မတတ် ပြုံးဖြီးနေတဲ့ ဝမ်ရိပေါ်ကြောင့် ဘယ်သူမှ အမြင်မကြည်တော့ပါ။ ဒါ သူ့ မင်္ဂလာပွဲ မဟုတ်မှန်းတော့ သိပါသေးတယ်နော်....

ရှောင်းကျန့် အိမ်က ထွက်ကတည်းက တချိန်လုံး သူ့ဘက်ကိုပဲ ခေါင်းစောင်းထားတဲ့ ဝမ်ရိပေါ်ကြောင့် ကား သေချာမောင်း မဟုတ်ရင် ခွင့်ပြုထားတာ ပြန်ရုတ်သိမ်းမယ်ဆိုမှ ကားမောင်းတဲ့ချိန် ခနကိုပဲ ခေါင်းပြန်တည့်ပါတယ်။ ပြီးတာနဲ့ ပြန်စောင်းလာတာပါပဲ။

အခုလည်း သူများပွဲမှာ နွားပွဲစား လုပ်နေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် တံတောင်နဲ့ တွက်ပြီး အချက်ပြလည်း မရ၊ ယုန်သွား ထပ်စိပြလိုက်တော့ ...... ပိုပိုချစ်ဖို့ကောင်းအောင် မလုပ်နဲ့ဆိုပဲ။ သေလိုက်လေ။

ရှောင်းကျန့် လန်ဟွားနဲ့ ယွီပင်း ကြားမှာ သွားထိုင်လိုက်တော့တယ်။ အဲ့ခွေးပေါက်နဲ့ ကြာကြာနေရင် သူပါ နွားရောင်းချင်လာလို့။

'ဟဲ့ ..... နင် နေစရာအဲ့လောက် ရှားလား။'

'အာ.... နင်တို့ကလည်း သိပ်အဖြစ်သည်းမနေနဲ့ ခနပဲ နေမှာ ဟိုနွားပွဲစားလေးကြောင့် အရှက်မကွဲချင်ဘူး။'

'အေး နွားပွဲစားဆိုမှ ဝမ်ရိပေါ် ဘာဖြစ်နေတာလဲ.... မနက်ကတည်းက သွားကြီး ဖြီးနေတာ မသိရင် သွားတိုက်ဆေး ကြေငြာနေတာ ကျလို့။'

'အမ်....အာ... ငါလည်း မသိဘူး သူ ဘာဖြစ်နေမှန်း...'

လန်ဟွား ... နားရွက်နီတက်လာတဲ့ ရှောင်းကျန့်ကြောင့် ဒီကိစ္စ နွားရောင်းတာလောက်နဲ့ မရိုးရှင်းဘူးဆိုတာ သိလိုက်ပြီ။

'ဟက်.... မဟုတ်မှ......'

ရှောင်းကျန့် သေချင်တဲ့ကျား တောပြောင်းဆိုသလို လန်ဟွားနား လာတော့မှ ထွက်ပေါက်ပိတ်သွားတဲ့ ယုန်လေးအဖြစ် ပြောင်းသွားတော့တယ်။ ငါ မေ့သွားတာ ခုချိန် ဝမ်ရိပေါ်ထက် လန်ဟွားက ပိုကြောက်ဖို့ ကောင်းတာကို။

'ဘာ ...ဘာ ကိုလဲ...'

လန်ဟွား ရှက်နေတဲ့ ရှောင်းကျန့်ကြောင့် ဆက်စမနေတော့ပဲ စကားလမ်းလွှဲလိုက်တယ်။ မဟုတ်ရင် ဝမ်ရိပေါ် သနားစရာ ကောင်းသွားမှာ။ ဒါပေမယ့် စိတ်မပူနဲ့ ဝမ်ရိပေါ်ရေ နင်တို့ သေချာပေါက် အကြင်လင်လင် မြှောက်ရမှာပါ။ ဟင်း ဟင်း...

Is it call love? ( Completed)Tempat cerita menjadi hidup. Temukan sekarang