Part - 14

831 77 3
                                    

ရိပေါ်လည်း အလုပ်ကိစ္စနဲ့ အပြင်သွားပြီး ရုံးဆင်းချိန်အမီ ပြန်ရောက်မယ် ထင်ပေမယ့် အစိုးရပိုင်းက လူကြီးတွေနဲ့ တစ်ခြား တင်ဒါခေါ်မယ့် Company တွေနဲ့ပါ တွေ့နေရတာကြောင့် ထင်ထားတာထက် စကားကြောရှည်နေရပြီး လူကြီးတွေ အကြိုက် Follow လိုက်ရင်း ရုံးဆင်းချိန်ထိ ပြန်မရောက်နိုင်ခဲ့ပါ။ နောက်ဆို အစိုးရနဲ့ ပတ်သက်တာ ဘာမှမလုပ်တော့ဘူး။

ရိပေါ် ကားပေါ်ရောက်တော့ နက်ခ်တိုင်ကို ဖြစ်သလို ဆွဲလွဲ လိုက်ပြီး စိတ်က ဘာကို အလိုမကျချင်တာ မသိ စိတ်ပဲ တိုချင်နေသလိုနဲ့ ရုံးပဲ ပြန်မသွားရလို့လား ဒါမှမဟုတ် ရိပေါ်တို့နဲ့ လိုက်ပြိုင်နေတဲ့ One Star Company က CEO နဲ့ အချေအတင် မဖြစ်ရုံတမယ် ဖြစ်ခဲ့ရလို့လား ဘာကို မကျေနပ်မှန်း မသိပေမယ့် စိတ်က တစ်ခုခု ဖြစ်နေမှန်းတော့ သိနေတယ်။

ရိပေါ် မား ပြောထားတဲ့ ဒီနေ့ အိမ်မှာ မုအဖွားတို့ မိသားစု ထမင်းစား ဖိတ်ထားတယ်ဆိုတာ သတိရပြီး နောက်မကျရအောင် အိမ်ကိုပဲ ပြန်လာလိုက်တယ်။

ရိပေါ် အိမ်ရောက်တော့ ထမင်းပြင်နေတဲ့ မားကို တွေ့လိုက်တယ်။ မား သားပြန်ရောက်ပြီ။

'အင်း သား သွား သွား ရေသွားချိုးပြီး ဆင်းလာလိုက်တော့။ သားရဲ့ ကောနဲ့ပါးလည်း ခုနမှ ပြန်ရောက်တာ။ သားကြီးကတော့ မားကို စပရိုက် ရှိတယ်တဲ့။ ဒီနေ့ ဘယ်သူ့မွေးနေ့မှ မဟုတ်ပဲနဲ့ အဲ့ကလေး ဘာတွေ လုပ်ထားလဲ မသိဘူး။'

'အိမ်မှာ ဧည့်သည် ရှိခါမှ ကော သူ့ကောင်မလေးကို ခေါ်ထားတာတော့ မဟုတ်လောက်ပါဘူး။'

' အင်း မားလည်း လိုက်မမီတော့ဘူး။ ကဲ သွားတော့ ခနနေ မုအဖွားတို့ လာတော့မယ်ထင်တယ်။ မားတို့ဘက်က အဆင်သင့် ဖြစ်ပြီး သူတို့ မလာသေးရင်လည်း အိမ်ကိုပဲ သွားခေါ်လိုက်တာပေါ့။'

' ဟုတ် မား။ ဒါဆို ကော အရင်ဆင်းခဲ့ရင် ကော ကို သွားခေါ်ခိုင်းလိုက်လေ။ သားက ခုမှ ရောက်တာဆိုတော့။'

' အေးပါ ခနစောင့်ကြည့်အုံးမယ်။ လိုအပ်မှ သွားခေါ်မှာ။'

ရိပေါ် ရေချိုးပြီး အောက်ဆင်းလာတော့ မားနဲ့ပါးကိုပဲ တွေ့လိုက်ရတယ်။ ကြည့်ရတာ ကော ကို မုအဖွားအိမ် လွှတ်လိုက်ပြီ ထင်တယ်။
~~~~~~~~~~~~~~~~~~~~~
ဟိုက်ခွမ်း အခု သူ့ကောင်မလေးအိမ်ကို ပထမဆုံး သွားရမှာ ဆိုတော့ ဟိုဘက်က အဖေနဲ့အမေကို တွေ့ဖို့ နည်းနည်း စိုးရိမ်နေမိတယ်။

Is it call love? ( Completed)Donde viven las historias. Descúbrelo ahora